ချစ်သူနဲ့အတူ အမြွှာကလေးနှစ်ယောက်ယူဖို့စဉ်းစားထားတဲ့ မေဦး

နိုင်ငံကျော် မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ မေဦးကတော့ သူ့ရဲ့မိတ်ကပ်ပြင်ဆင်ခြယ်သမှုကြောင့် အနုပညာအသိုင်းအဝိုင်းမှာသာမက ပရိသတ်တွေကြားမှာ အောင်မြင်ကျော်ကြားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ မိတ်ကပ်ပညာကြောင့်သာမကသူနဲ့ ဟန်လင်းရဲ့ အချစ်ရေးကြောင့်လည်း ပရိသတ်တွေကြားမှာ နာမည်ကြီးသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

မေဦးက “မေဦးကတော့ စိတ်ဆန္ဒအပြည့်နဲ့ လိုချင်တာကတော့ အမွှာလေးပေါ့။ သူကမိန်းကလေးချစ်တာ မေဦးက ယောကျာ်းလေးချစ်တာဆိုတော့ နှစ်ယောက်စလုံးက အဲ့မှာကစပြီ။ အဲ့တော့ စုံတွဲလေးယူဖို့ စီစဉ်ထားတယ်ပေါ့။ ဒါပေမယ့် မေဦးပြောတဲ့ အဆင်ပြေမှုအတိုင်းအတာတွေက အများကြီး ချိန်ရဦးမှာလေနော်။ ကိုယ့်ရဲ့မိသားစုတစ်ခုထဲလဲ ကြည့်လို့မရဘူး ပတ်ဝန်းကျင်ကိုလဲ ကြည့်ရဦးမယ်။ မေဦးတို့က မြန်မာနိုင်ငံမှာနေတဲ့အတွက် ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အတွက် ဘာသာရေးတွေ ဥပဒေလမ်းကြောင်းတွေ ဒါမျိုးတွေနဲ့အကုန်လုံးချိန်ပြီးကြည့်ရမယ်လို့ ဆိုလာခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီး မေဦးက “နှစ်ယောက်စလုံးတော့ အဲ့ဘက်မှာတော့ Seriously ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ကလေးအရမ်းချစ်တတ်တယ်။ နှစ်ဖက်လုံးရဲ့ မိသားစုမှာလဲ သူ့အကိုတွေဆိုရင် မိန်းမယူဖို့က ကြာဦးမှာ။ မေဦးဘက်မှာဆိုရင်လဲ သားအကြီးဖြစ်နေတော့ မြေးလေးလိုချင်တယ်။ ပြီးတော့ ကိုယ်တွေနှစ်ယောက်ကလဲ ကလေးလိုချင်တယ်။ အခုချိန်ယူ အခုရတယ်။ဒါပေမယ့်လည်းတချက်ချိန်နေရတာပေါ့” လို့ဆိုလာခဲ့တာဖြစ်ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.