နူးညံ့သိမ်မွေ့သော မြန်မာမိန်းကလေးတစ်ဦးရဲ့ ကျက်သရေရှိတဲ့ အလှတရားတွေနဲ့ တွေ့ရတဲ့ မင်းသမီးချော ခင်ဝင့်ဝါ

အရုပ်မလေးမျက်နှာနဲ့ သွယ်လျလှပတဲ့ ခန္ဒာကိုယ် သွယ်သွယ်လေးကြောင့် အလှမယ် တစ်ယောက် ဖြစ်ခဲ့တဲ့ မင်းသမီးချောလေး ခင်ဝင့်ဝါကတော့ အခုချိန်မှာ ပရိတ်သတ်အခိုင်အမာ ရရှိထားတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမဟာ ချစ်စရာကောင်းတဲ့ အသံလေးနဲ့ အမူအရာလေးတွေကြောင့် ပုရိသယောက်ကျားလေးတွေရဲ့ အသည်းကို ပိုင်ဆိုင်ထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

မင်းသမီးချောလေး ခင်ဝင့်ဝါရဲ့ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲမှ အကယ်ဒမီ မင်းသားချော နေတိုးနဲ့ တွဲဖက်ပြီး သရုပ်ဆောင်ခဲ့တဲ့ “တိမ်တိုက်တံတား”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရိတ်သတ်တွေရဲ့ အကြိုက်ကို တွေ့စေခဲ့ကာ အထူးအားပေးမှုကို ရရှိခဲ့ပါတယ်။ ခင်ဝင့်ဝါက လက်ရှိမှာလည်း ‌ကြော်ငြာရိုက်ကူးရေးတွေကို အဆက်မပြတ် လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

ခုတစ်ခါမှာတော့ မင်းသမီးချောလေး ခင်ဝင့်ဝါက နူးညံ့သိမ်မွေ့သော မြန်မာမိန်းကလေးတစ်ဦးရဲ့ ကျက်သရေရှိတဲ့ အလှတရားတွေနဲ့ တွေ့ရတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပါတယ်။ မြန်မာဆန်ပြီး နူးညံ့‌သိမ်မွေ့တဲ့ အလှတရားနဲ့‌တွေ့ရတဲ့ ခေးရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Khin Wint War

Leave a Reply

Your email address will not be published.