မွေးနေ့မှာ မိသားစုနဲ့အတူ “Stay Home Birthday party”လေး လုပ်ဖြစ်ခဲ့တဲ့ နန်းစုရတီစိုး

အဆိုတော် သရုပ်ဆောင် မင်းသမီးချော နန်းစုရတီစိုးကတော့ အရုပ်မလေးမျက်နှာကို ပိုင်ဆိုင်ထားပြီး သေးသွယ်လှပတဲ့ ခန္ဒာကိုယ်လေးကြောင့် ပရိတ်သတ်တွေချစ်ရတဲ့ မင်းသမီးချောလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ နန်းစုရဲ့ အချစ်ရေးကတော့ လက်ရှိမှာ တစ်ယောက်တည်းဘဝနဲ့ အေးအေး‌ဆေးဆေး ဖြစ်နေပါတယ်။လက်ရှိမှာတော့ နန်းစုက သရုပ်ဆောင် မင်းသားချော မင်းသွေးခန့်နဲ့ သရုပ်ဆောင်ထားတဲ့ “အလွမ်းရာသီ”ဆိုတဲ့ Music Videoလေး ထွက်ရှိထားပါတယ်။

နန်းစုရဲ့ ပရိတ်သတ်တွေကတော့ သူမရဲ့ ထွက်သမျှသီချင်းတိုင်းကို တခဲနက်အားပေးကြတာကို တွေ့ရပါတယ်။ နန်းစုဟာ သူမရဲ့ ချစ်ပရိတ်သတ်တွေအတွက် အမြဲလိုလို သူမရဲ့ လှုပ်ရှားမှုတိုင်းကို မျှဝေပေးလေ့ ရှိပါတယ်။ဒီနေ့ စက်တင်ဘာလ ၁၈ရက်နေ့ကတော့ နန်းစုလေးရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ကိုဗစ်ကြောင့် အပြင်မထွက်ရတဲ့အတွက် သူမရဲ့ မွေးနေ့လေးကို သူမရဲ့မိသားစုနဲ့အတူ အိမ်မှာပဲ ရိုးရှင်းစွာ ဖြတ်သန်းခဲ့ပုံကို “မွေးနေ့……အရင်ဆို ပရိတ်သတ်တွေ မိသားစုတွေ သူငယ်ချင်းမိတ်ဆွေတွေနဲ့ အလှူလုပ်ကြ ပျော်ပျော်ရွှင်ရွှင်ကစားကြ စားကြနဲ့ ဖြတ်သန်းခဲ့တာ …

ဒီနှစ်မွေးနေ့တော့ stay home ဆိုတော့ အိမ်မှာ မိသားစုနဲ့ပဲ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတယ်မွေးနေ့ဆုတောင်းပေးကြသူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်…….ချစ်ရတဲ့သူတွေအားလုံး စိတ်ချမ်းသာကျန်းမာပြီး ကပ်ရောဂါဆိုးကြီးကနေ ကင်းလွတ်ကြပါစေလို့ နန်းဆုက ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင့် ..
အားလုံးကို ချစ်တဲ့ .. နန်းဆု❤️”လို့ဆိုကာ မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။

Source; Nansu Yati Soe

Leave a Reply

Your email address will not be published.