Covidကာလမှာ Liveလွှင့်ပြီး ဈေးရောင်းရသမျှပိုက်ဆံတွေကို Q Centerအသီးသီးက စေတနာ့ဝန်ထမ်းတွေကို ကူညီပံ့ပိုးပေးသွားမယ့် မေလသံစဉ်

အသက်ငယ်ငယ်လေးကတည်းက အနုပညာလျှောက်လှမ်းပေါ်မှာ နာမည်ကျော်လူသိများလာခဲ့တဲ့ အဆိုတော်မလေး မေလသံဇဉ်ကိုတော့ ပရိတ်သတ်ကြီး သိပြီးသား နေမှာပါနော်။ သူမဟာဆိုရင် ခေတ်ဟောင်းသီချင်းတွေကို ပိုင်နိုင်စွာ သီဆိုနိုင်သူတစ်ယောက်ဖြစ်တဲ့အပြင် သူမရဲ့ ကိုယ်ပိုင်သီချင်း အေးအေးလေးတွေကိုလည်း ဖန်တီးသီဆိုကာ ပရိတ်သတ်တွေရဲ့ အချစ်ကို ရယူထားနိုင်သူပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ မေလသံဇဉ်က အဆိုတော် အုပ်စိုးခန့်နဲ့ “ရုံးတော်လွှတ်တော်”ဆိုတဲ့ သီချင်းဟောင်းလေးကို သူတို့ရဲ့ ချစ်စရာကောင်းတဲ့ ကိုယ်ပိုင်အမူအရာလေးနဲ့ Coverပြန်ဆိုကာ နာမည်ရလာခဲ့ပါတယ်။ နေရာတိုင်းမှာ သူတို့နှစ်ယောက်ရဲ့ သီချင်းလေးက စိုးမိုးလာကာ ပရိတ်သတ်တွေရဲ့ အထူးအားပေးမှုကို ရရှိလာခဲ့ပါတယ်။ခုတစ်ခါမှာတော့ မေလသံစဉ်လေးက “Quarantine Center တွေမှာ Q အရေအတွက်နဲ့ Volunteer အင်အားမမျှတာအခက်အခဲတွေဖြစ်နေကြတာ သတင်းတွေတက်လာတော့ မေလ တထောင့်တနေရာက ဘယ်လိုကူညီပံ့ပိုးပေးနိုင်မလဲ အမြဲစဉ်းစားနေမိတယ်😢ရန်ကုန်တစ်မြို့တည်းမှာ Q camp ၂၀ ကျော်ရှိပါတယ်😷ရိုးမစင်တာလိုနေရာမျိုး Q ၁၄၀၀နီးပါးကို Volunteer ၃၀ကျော်နဲ့ လုပ်နေရတော့ အရမ်းလဲ လူရော စိတ်ပါ ပင်ပန်းနေကြပါပီ 🤕ဒါကြောင့် အင်အားလေးတစ်ခုအနေနဲ့ မေလ တတ်နိုင်တာလေးပါဝင်ချင်ပါတယ် 👋💪💥

ဒီ Covid ကာလမှာ ဘာအလုပ်မှ မလုပ်တော့ဖို့ စိတ်ကူးပီးသားပါ 😷 ဒါပေမယ့် အန္တရာယ်ကင်းကင်း Live လွှင့်ပြီး ဈေးရောင်းပေးဖို့ အလုပ်အပ်သူတွေကိုတော့ #အရင်ကလိုမငြင်းတော့ပဲ Live လွှင့်​ဈေး​ရောင်းလို့ ရသမျှအနုပညာကြေး အားလုံးကို💯Q Center အသီးသီးမှ စေတနာ့ဝန်ထမ်း Volunteerများ အတွက် ကူညီပံ့ပိုးပေးသွားမယ်လို့ ဆုံးဖြတ်မိပါတယ် ☺️☺️ချစ်သံမဏိတို့ရော သဘောတူကြတယ်မို့လား ရှင်❤️❤️❤️❤❤❤❤❤❤❤❤”လို့ဆိုကာ သူမရဲ့ ပုံရိပ်လေးတွေနဲ့အတူ မျှဝေပေးခဲ့ပါတယ်နော်။

Source; မေလသံဇဉ် May Melody

Leave a Reply

Your email address will not be published.