နိုင်ငံကျော် တေးသံရှင် အဆိုတော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ ကြာလာလေ ပိုနုလာလေ ဖြစ်တဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ ငယ်ရွယ်စဉ် အဆိုတော်ပေါက်စဘဝလေးကတည်းက သူ့ရဲ့ Rapစာသားတွေနဲ့ အလွမ်းအဆွေး သီချင်းလေးတွေဟာ ပရိတ်သတ်အခိုင်အမာ အားပေးမှုကို ရရှိခဲ့တာပါ။



လတ်တလောမှာတော့ စိုင်းက သူရဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ “Sai Cosmetic”Brandကို ထုတ်လုပ်ထားကာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ “Sai Cosmetic”ကနေ မွေးထုတ်ပေးခဲ့တဲ့ နာမည်ကြီးမော်ဒယ်များဟာလည်း စိုင်းရဲ့ အမာခံပရိတ်သတ်များပဲ ဖြစ်ပါတယ်။ စိုင်းဟာ Covidကာလအတွင်း အပျင်းပြေရအောင် ပရိတ်သတ်တွေကို Challengeတွေ ခေါ်လျှက် ရှိနေတာကိုလည်း တွေ့ရပါတယ်။




စိုင်းက ချစ်ရတဲ့ပရိတ်သတ်ကြီးကို “ရုပ်ဆိုးပုံ Challenge”ခေါ်ကာ စနောက်ခဲ့ပါတယ်။ “ဒါ ၀၆/၀၇ လောက်ကပုံပါ အဖေဆုံးကာစ ဂျုံးဂျုံးကျနေတယ်ထင်တာပဲ ရုပ်ဆိုးတာဗျာ တလက်စတည်း ရုပ်ဆိုးပုံ Challenge လုပ်ကြရအောင် နေ့တိုင်းလှတဲ့ပုံတွေပဲတင်နေကြတာ ရုပ်ဆိုးပုံတင်ကြေး ဘယ်လိုလဲ #UglyPictureChallenge” လို့ဆိုကာ ဟာသအနေနဲ့ မျှဝေပေးခဲ့တာကို တွေ့ရပါတယ်။ ကဲ ဒါဆို စိုင်းရဲ့ Challengeကို ပရိတ်သတ်ကြီးလည်း လိုက်လုပ်ကြည့်ကြပါအုံးနော်။
Source; Sai Sai Kham Leng