ပြည်ပရောက်ပရိသတ်တွေဆီကနေ ငွေကျပ်သိန်း ၃၀၀ လက်ခံရရှိခဲ့တဲ့ ဘင်ဂျမင်ဆမ်

ဘင်ဂျမင်ဆမ်ကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲကနေတဆင့် ဂီတလမ်း​ကြောင်းပေါ်ရောက်ရှိလာခဲ့သူပါ။ ပြိုင်ပွဲစဉ်တလျှောက်လုံးမှာလည်း ပရိသတ်တွေရဲ့ အချစ်ခံရဆုံးသူတစ်ယောက်လို့ ဆိုနိုင်သလို ပြိုင်ပွဲကြီးပြီးဆုံးချိန်မှာလည်း အမာခံပရိသတ်တွေဆီကနေ သိန်း(၃၀၀) ကျော်တန်ကားတစ်စီးလက်ဆောင်ရရှိခဲ့သူပါ။အခုအခါမှာဆိုရင်လည်း ဘင်ဂျမင်က သူ့ရဲ့ပြည်ပရောက် ပရိသတ်တွေ စုပြီး ပိုက်ဆံသိန်း(၃၀၀) ကျော် လက်ဆောင်ပေးခဲ့တဲ့အကြောင်းကို ပြန်လည်ဝေမျှလာခဲ့တာပဲဖြစ်ပါတယ်။

ဘင်ဂျမင်က “ကျွန်တော်ပြိုင်ပွဲပြီးတဲ့အချိန်မှာ ကျွန်တော့်ကိုချစ်ပေးအားပေးကြတဲ့ကျွန်တော့်ရဲ့ Summers တွေဆီကနေ မေတ္တာနဲ့ ကျွန်တော်ရှေ့ဆက်ရမည့်အနုပညာလမ်းအတွက်ဆိုပြီး ကျွန်တော့ကို ဆုအကြီးကြီးချထားတာဖြစ်ပါတယ်ဗျာ။ ကျွန်တော့အတွက် ကုန်သွားတဲ့အချိန်တွေ၊အကြံအဉာဏ်တွေနဲ့ ကုန်သွားတဲ့ငွေတွေအတွက် လူကြီးမင်းများအားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ။ ကျွန်တော့်ဘက်ကနေလည်း ဆက်လက်ပြီးတော့အကောင်းဆုံးအစွမ်းကုန်ကြိုးစားသွားပါမယ်ခင်ဗျ။ အားလုံးပဲ ဘုရားသခင်ကောင်းကြီးပေးပါစေ” ဆိုပြီး သူရရှိခဲ့တဲ့ လက်ဆောင်လေးအ​​ကြောင်းကို မျှဝေခဲ့ပါတယ်။

ဘင်ဂျမင်ကတော့ ပြိုင်ပွဲကြီးပြီးကတည်းက ကိုယ်ပိုင်သီချင်းနှစ်ပုဒ်ထွက်ရှိနိုင်ခဲ့ပြီဖြစ်ပြီး သီချင်းနှစ်ပုဒ်စလုံးကတည်း ပရိသတ်တစ်ခဲနက်အားပေးမှုရရှိခဲ့ပါတယ်။ အထူးသဖြင့် မကြာသေးခင်က ထွက်ရှိခဲ့တဲ့ “ဟိုဘက်အိမ်ကကောင်မလေး” သီချင်းဟာလည်း လူငယ်ပရိသတ်တွေကြားမှာအတော်လေးရေပန်းစားနေတာဖြစ်ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.