အသက် ၅၀ပြည့်မွေးနေ့ကို အလှူအတန်းတွေနဲ့ဖြတ်သန်းခဲ့တဲ့ လွင်မိုး

သရုပ်ဆောင် လွင်မိုးဟာ အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၃၀ နီးပါးရှိနေပြီဖြစ်ပါတယ်။ သူဟာ လက်ရှိမှာတော့ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးကို ဦးဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။ အဲဒီနောက် မိသားစု ကိုလည်း အချိန်ပေးနေရသူပါ။ သူ့မှာတော့ ချစ်စရာကောင်းတဲ့ မြေးလေး Liam လေးကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။

သရုပ်ဆောင် လွင်မိုးကတော့ မနေ့က စက်တင်ဘာ ၁၇ ရက်နေ့မှာ အသက်(၅၀) ပြည့်သွားပြီဖြစ်ပါတယ်။ သူ့ အနေနဲ့ We Love Yangon မှာ Air Con တစ်လုံးစာ၊ ကုတင်(၁၀) လုံးစာအတွက် ငွေကျပ်(၉) သိန်းလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဒီမွေးနေ့ အလှူနဲ့ ပတ်သက်ပြီး လွင်မိုးရဲ့ ဆုတောင်းစကားကိုလည်း အခုလို ပြောပြခဲ့ပါသေးတယ်။

“ဒီနေ့.. အသက် ၅၀.. ပြည့်ပါတယ်..ရွှေရတုပေါ့ We love yangon နဲ့…နေရာတချို့…အလှုလုပ်ဖြစ်ခဲ့ပါတယ်။ Covid ကာလ..အားလုံးဘေးရန်ကင်းပြီး ပျော်ရွှင်စရာကောင်းတဲ့ ပုံမှန်ဘဝကိုအမြန်ဆုံးပြန်ရောက်ပါစေဆိုသောဆု…တစ်ခုသာပေးပါ…” ဆိုပြီးတော့ စက်တင်ဘာလ(၁၇) ရက်နေ့ က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.