နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးချော အူဝဲရဲ့ တူမအရင်းလေးဖြစ်တဲ့ မေတိုးခိုင်ကတော့ အကယ်ဒမီရွှေကြိုပွဲကနေ စတင်ပြီး ပရိတ်သတ်တွေ သတိထားမိလာခဲ့ကြတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ကြော်ငြာရိုက်ကူးရေးတွေအပြင် သရုပ်ဆောင်ဘက်ကိုပါ လုပ်ဆောင်လာခဲ့ကာ အခုဆိုရင်တော့ ပရိတ်သတ် အခိုင်အမာ ရရှိထားတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်နေပါပြီ။



မင်းသမီးချောလေး မေတိုးခိုင်ရဲ့ အိမ်ခေါ်နာမည်လေးကတော့ ဖူးပါ။ လတ်တလောမှာတော့ ဖူးက တေးသံရှင် AR-Tရဲ့ Music videoထဲမှာ Fan Girl တစ်ယောက်အနေနဲ့ ပါဝင် သရုပ်ဆောင်ထားခဲ့ပါတယ်။ ကလေးလေးတစ်ယောက်လို လွတ်လပ်ပေါ့ပါးစွာ နေတတ်တဲ့ ဖူးကတော့ အမြဲလိုလို လန်းဆန်းတက်ကြွနေတာကို မြင်ရပါတယ်။


ခုတစ်ခါမှာလည်း ဖူးက အင်္ကျီတစ်ထည်ထဲကို ဖက်ရှင်၂မျိုးထွက်အောင် ဝတ်ပြခဲ့တဲ့ သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပါတယ်။ ဖူးက “Here to brighten up ur day ?စိတ်မညစ်နဲ့ ခဏလောက်ပြုံးပြသွား ?Btw အင်္ကျီ တစ်ထည် ထဲ နဲ့ အဆင်ကိုပြေနေရော”လို့ဆိုကာ မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိတ်သတ်ကြီးလည်း ဖူးရဲ့ ဖက်ရှင်၂မျိုးကို သဘောကျနှစ်သက်ရင် Like and Shareလေး လုပ်ပေးသွားကြပါအုံးနော်။
Source; May Toe Khaing