“Second Waveမှာလဲ အိမ်ထဲမှာပဲနေရင်းဆက်ချောပေးနေပါတယ်ရှင်”လို့ ဆိုလာတဲ့ မင်းသမီးချောလေး ဆောင်းဝတ်ရည်မေ

MRTV 4ရဲ့ မင်းသမီးတစ်လက် ဖြစ်တဲ့ သရုပ်ဆောင် မင်းသမီးချောလေး ဆောင်းဝတ်ရည်မေကိုတော့ ပရိတ်သတ်ကြီး သိပြီးသား နေမှာပါနော်။ သူမကို သွယ်လျပြီး V Shapeဆန်တဲ့ မျက်နှာလေးကြောင့် ပရိတ်သတ်တွေ ပိုမို သတိထားမိလာခဲ့ကြတာ ဖြစ်ပါတယ်။ သူမရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ ဇာတ်လမ်းတွဲတွေကတော့ ဝိညာဉ်ရှိုက်သံ၊ ချစ်ခြင်းတရားတို့ရှိရာ၊ အမုန်းမှသည်နဲ့ အချစ် ဆစ်ဂနယ် တို့ပဲ ဖြစ်ပါတယ်။

မင်းသမီးချော ဆောင်းဝတ်ရည်မေရဲ့ အိမ်နာမည်လေးကတော့ တုစိန်ပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သူမက “Tusein Collection”ဆိုတဲ့ Pageလေးနဲ့ Online Shopတွေ လုပ်နေတာကိုလည်း တွေ့ရပါတယ်။ COVID ကာလအတွင်းမှာ မင်းသား၊မင်းသမီး အတော်များများကတော့ Liveလွှင့်ပြီး ဈေးရောင်းကာ စီးပွားရေး လုပ်နေကြတာကိုလည်း တွေ့လာရပါတယ်။

ခုတစ်ခါမှာတော့ တုစိန်လေးက “Second Waveမှာလဲ အိမ်ထဲမှာပဲနေရင်းဆက်ချောပေးနေပါတယ်ရှင်”လို့ ဆိုကာ သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့ပါတယ်။ ကဲ… အိမ်ထဲမာနေရင်း ဆက်ပြီး ချောနေတဲ့ တုစိန်လေးရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Saung Wutyee May

Leave a Reply

Your email address will not be published.