နိုင်ငံကျော် အဆိုတော် ဇော်ပိုင်ရဲ့ “မေ”ဆိုတဲ့ သီချင်းလေးကို ပြန်ပြီးအသက်ဝင်အောင် ပုံဖော်ရိုက်ကူးသရုပ်ဆောင်ခဲ့ကာ နာမည်ကြီးခဲ့သူလေးကတော့ မော်ဒယ်မလေး ဖုန်းသီရိကျော်ပဲ ဖြစ်ပါတယ်။ သူမကိုတော့ အားလုံးက ချစ်စနိုးနဲ့ Jenny လို့ ခေါ်ကြပါတယ်။ Jennyလေးဟာ မျက်နှာဖူးဖူးမို့မို့လေးကို ပိုင်ဆိုင်ထားကာ အပြုံးချိုချိုလေးတွေကြောင့် ပရိတ်သတ်တွေက အချစ်ပိုနေကြရတာပါ။



လတ်တလောမှာတော့ Jennyက ကြော်ငြာရိုက်ကူးရေးတွေကို အဆက်မပြတ် လုပ်ဆောင်နေကာ Music Videoတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ သူမဟာ မြန်မာဆန်တဲ့ ဝတ်စုံလေးတွေကို ပိုမိုအဝတ်များတာကြောင့် မြင်ရသူရဲ့ရင်ကို အေးစေတဲ့ အပြုံးပိုင်ရှင်လေးလည်း ဖြစ်ပါတယ်။


ခုတစ်ခါမှာတော့ Jennyလေးက တောက်ပတဲ့ အပြုံးလေးတွေနဲ့ ဖြူစင်အေးချမ်းတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။ အမြဲလိုလို ပြုံးပျော်လန်းဆန်းနေတဲ့ Jennyလေးရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source; Phone Thiri Kyaw