မြန်မာနိုင်ငံရဲ့ အလှမယ်စာရင်းဝင် တစ်ယောက်ဖြစ်တဲ့ ရွှေအိမ်စည်ကတော့ မြင့်မားတဲ့အရပ်၊ ညိုသောအသားအရည်၊ ဖွံထွားတဲ့ ခန္ဒာကိုယ်နဲ့အတူ အတွေးမြင့်မြင့်တွေကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမ စကားပြောတဲ့အခါမှာ တိကျ ကြည်လင်ပြတ်သားပြီး ရဲရင့်သွက်လက်မှုကို ဖော်ပြေတဲ့အတွက်ကြောင့် သူမကို အားပေးတဲ့ ပရိတ်သတ်တွေ အရမ်းကို များပြားနေတာပဲ ဖြစ်ပါတယ်။



လတ်တလောမှာတော့ အိမ်စည်က ကြော်ငြာရိုက်ကူးရေးတွေကို အဆက်မပြတ် လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ဒါ့အပြင် တေးသံရှင် အဆိုတော် ကိုဟဲလေးနဲ့ တွဲဖက်ပြီး သီချင်းတစ်ခု ဖန်တီးနေတာကိုလည်း အရိပ်အမွက်အနေနဲ့ ပြောပြထားပါတယ်။ မကြာခင်မှာ သူမကိုယ်တိုင် သီဆိုထားတဲ့ သီချင်းကောင်းတစ်ပုဒ် ထွက်လာမယ်လို့တော့ ပရိတ်သတ်တွေက ထင်ကြေး ပေးနေကြပါတယ်။




ခုတစ်ခါမှာတော့ အိမ်စည်က “ကျမထက် ဂယက်ထတဲ့သူတွေ့ပီ😅🖤”လို့ဆိုကာ သူမရဲ့ ချစ်စရာခွေးလေးနဲ့ ပုံလေးတွေကို မျှဝေပေးလာခဲ့ပါတယ်။ အိမ်စည်ရဲ့ ပရိတ်သတ်တွေအတွက် ချစ်စရာကောင်းတဲ့ ခွေးလေးနဲ့ တွဲရိုက်ထားတဲ့ ဂယက်ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source; Shwe Eain Si