ရိုင်းစိုင်းတဲ့ကောမန့်ပေးသူတွေကို တုံ့ပြန်ပြောဆိုလိုက်တဲ့ ခင်သဇင်

သရုပ်ဆောင် ခင်သဇင်ကတော့ မကြာသေးခင်က ညအိပ်ဝတ်စုံလေးနဲ့ ဖေ့စ်ဘွတ်မှာတင်လိုက်တဲ့ ဓာတ်ပုံရဲ့အောက်မှာ ရိုင်းစိုင်းတဲ့စကားတွေလာရောက်ပြောဆိုနေကြသူတွေကို ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

” ညအိပ်ဝတ်စုံလေးနဲ့ ဆံပင်အကြောင်း တင်ထားတဲ့ဓာတ်ပုံလေးတွေတင်လိုက်တာကို အောက်မှာ လာပြောကြတယ် KTV ကဆော်လားတို့ ဘာတို့နဲ့ ပြောတဲ့လူတွေကို ကြည့်ရင် ယဉ်ကျေးမှုဝန်ကြီးဌာန ကလူတွေ ကိုယ့်ထက် အများကြီး မြင့်တဲ့လူတွေလားဆိုတော့လည်းမဟုတ်ဘူး သက်သက်အာဝင်ချောင်တာ အဲ့လို အာချောင်တာမျိုးကိုတော့ ခင်သဇင်က မကြိုက်ဘူး ” လို့ပြင်းထန်စွာ တုံ့ပြန်လာခဲ့တာဖြစ်ပါတယ်။“ခင်သဇင်ပြောတာက ဘူးပါ ရတယ် ယောကျာ်းတွေအကုန်လုံးနှာဘူးတွေကြီးပဲ ခင်သဇင်တို့လည်း တောင့်တဲ့ မိုက်တဲ့ ကောင်လေးတွေတွေ့ရင် ကြည့်ပြီး ကြိုက်လိုက်တာပဲ မကြိုက်ရင်လည်းကျော်သွားလိုက်တာလည်းမဟုတ်ဘူး သက်သက်အာဝင်ချောင်တာ” လို့ဆက်လက်ပြောဆိုလာခဲ့တာပါ။

သရုပ်ဆောင်မင်းသမီးချောလေး ခင်သဇင်ကတော့ လေယာဉ်မယ်တစ်ယောက်ဘဝကနေ အနုပညာရှင်တစ်ယောက်ဘဝကို ကူးပြောင်းလာသူပါ။ ကိုယ်ပိုင်အရည်အချင်းအပြည့်နဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ပရိသတ်အသိမှတ်ပြုတဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်လာသလို မကြာသေးခင်က MRTV-4 မှာထုတ်လွှင့်ပြသခဲ့တဲ့ အချစ်ဖွဲ့လေညှင်း ဇာတ်လမ်းတွဲမှာလည်း မိုးကလျာ ဇာတ်ရုပ်နဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့ပါသေးတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.