“ငါ့အချစ်က နင်ပျော်ရွှင်ဖို့အတွက်”လို့ဆိုလာတဲ့ နော်ဖောလေးရဲ့ ပုံရိပ်များ

ကြော်ငြာမော်ဒယ်လေးဘဝကနေ အနုပညာအလုပ်တွေကို စတင်လုပ်လာခဲ့တဲ့ မင်းသမီးချောလေး နော်ဖောအယ်ထားကတော့ ယခုအခါမှာ အောင်မြင်တဲ့ နေရာတစ်ခုမှာ ရပ်တည်နေတာကို တွေ့ရပါတယ်။ နော်ဖောဟာဆိုရင် “ပျောက်ဆုံးနေသော အမှန်တရား” ဆိုတဲ့ ဇာတ်လမ်းတွဲမှာ သရဲမလေး သုဒြာအဖြစ်နဲ့ ပီပြင်စွာ သရုပ်ဆောင်ခဲ့ကာ ပရိတ်သတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။

လတ်တလောမှာတော့ ကြော်ငြာရိုက်ကူးရေးတွေကို အဆက်မပြတ် လုပ်ဆောင်လာခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် မကြာသေးခင်ကမှ ထွက်ရှိခဲ့တဲ့ မြန်မာအိုင်ဒေါက ပြိုင်ပွဲဝင် အဆိုတော် ဘတ်ဂျမင်ဆန်းရဲ့ “ဟိုဘက်အိမ်က ကောင်မလေး”ဆိုတဲ့ သီချင်းမြူးမြူးလေးမှာလည်း ပါဝင်ကာ သရုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။ မြူးကြွတဲ့ သီချင်းလေးကို အေးမြတဲ့အသံပိုင်ရှင်လေးနဲ့ ချစ်စရာကောင်းတဲ့ နော်ဖောလေးရဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိတ်သတ်တွေရဲ့ အထူးအားပေးမှုကို ရရှိခဲ့ပါတယ်။

အခုတစ်ခါမှာတော့ နော်ဖောလေးက “ငါ့အချစ်က နင်ပျော်ရွှင်ဖို့အတွက်”လို့ဆိုကာ ဆွဲဆောင်မှုရှိတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပါတယ်။ နော်ဖောလေးရဲ့ ပရိတ်သတ်တွေအတွက် ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Naw Phaw Eh Htar

Leave a Reply

Your email address will not be published.