မြန်မာအိုင်ဒေါ Season 3ရဲ့ ပါဝင်ယှဉ်ပြိင်ခဲ့သူတွေဖြစ်ခဲ့တဲ့ အနုပညာမောင်နှမနှစ်ယောက်ကတော့ စောခရစ်မူးလာနဲ့ နော်စေးစေးထူးတို့ပဲ ဖြစ်ပါတယ်။ မူးလာနဲ့စေးစေးဟာ အဖွဲ့ထဲမှာဆိုရင် ဟာသညဏ်ရွှင်ကာ ပျော်ပျော်နေတတ်သူနှစ်ယောက်ပဲ ဖြစ်ပါတယ်။ မူးလာက မျက်နှာပြောင်ကာ စေးစေးက အရယ်သန်သူမလို့ သူတို့နှစ်ယောက်နဲ့ ဆုံရင်တော့ တကယ်ကို ပျော်စရာအချိန်လေးတွေပါပဲ။



လတ်ရှိမှာတော့ မူးလာက “ပတ်ဝန်းကျင်”ဆိုတဲ့ သီချင်းအသစ်လေး ထွက်ရှိထားကာ ကြော်ငြာရိုက်ကူးရေးတွေကို လုပ်ဆောင်လျှက် ရှိနေပါတယ်။ စေးစေးကတော့ “အချစ်ရဲ့ ဒုက္ခသည်မလေး”ဆိုတဲ့ သီချင်းမြူးမြူးလေးကို ထွက်ရှိထားတာကို တွေ့ရပါတယ်။ စေးစေးက သူမရဲ့ ပရိတ်သတ်တွေ ပျော်ရဖို့အတွက် Tiktokတွေဆော့ကာ ဖျော်ဖြေလျှက် ရှိနေတာကိုလည်း တွေ့ရပါတယ်။



ခုတစ်ခါမှာတော့ စေးစေးက ” ငါတို့နစ်ယောက်ရဲ့ဓာတ်ပုံတွေ လိုင်းပေါ်တင်လိုက်ပါပြီ ???”လို့ဆိုကာ နှစ်ယောက်သားတွဲရိုက်ထားတဲ့ ပုံလေးတွေကို ပရိတ်သတ်တွေ အထင်လွဲသွားစေရအောင် စနောက်ပြီး တင်ခဲ့တာပဲ ဖြစ်ပါတယ်။ ကြည်နူးစွာ လိုက်ဖက်နေတဲ့ စေးစေးနဲ့မူးမူးတို့ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source; Naw Say Say Htoo