“မနက် (၃)နာရီမှ ထRoရတော့ အဆင်ပြေရဲ့လား မိုးနတ်”လို့ ဆိုလာတဲ့ မြတ်နိုးအေး

ခုလတ်တလောမှာ ပရိတ်သတ်တွေကြား ရေပန်းစား အောင်မြင်နေတဲ့ ဇာတ်လမ်းတွဲလေးကတော့ ” Mntv”ကနေ ထုတ်လွှင့်ပြသလျှက်ရှိနေတဲ့ “ရင်ခုန်သံ ၇၄ရက်”ဆိုတဲ့ ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးမှာတော့ ‘မိုးနတ်’အဖြစ် မင်းသားချော ခါရာနဲ့ ‘ကညာ’အဖြစ် မင်းသမီးချော မြတ်နိုးအေး တို့က ချစ်စရာကောင်းအောင် သရုပ်ဆောင်ထားကြတာကို တွေ့ရပါတယ်။

မင်းသားချော ခါရာကတော့ “Dimensions(မျက်နှာပြင်များ)”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ စတင်ပြီး သရုပ်ဆောင်ခဲ့ကာ အောင်မြင်လာခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ “တားဆီးမရနိုင်သော၊ မနေ့ကဖြစ်သည်(၂)၊ မြို့ပြမုဆိုးများ၊ Marry Me၊ လိပ်ပြာ အစရှိတဲ့ ဇာတ်ကားပေါင်းများစွာမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။မင်းသမီးချော မြတ်နိုးအေးကတော့ မင်းသမီးချော ဖွေးဖွေးနဲ့ တွဲဖက်ပြီး “သူစိမ်းအိမ်”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ရာမှ ပရိတ်သတ်တွေရဲ့ အထူးအားပေးမှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ခုတစ်ခါမှာတော့ သူတို့နှစ်ယောက်က “ရင်ခုန်သံ၇၄ရက်” ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ အရမ်းကို ချစ်ကြည်နူးကာ သရုပ်ဆောင်ခဲ့ကြတာကို တွေ့ရပါတယ်။ ကညာက “မနက် (၃)နာရီ မှ ထ Ro ရတော့ အဆင်ပြေရဲ့လား မိုးနတ် ??”လို့ဆိုကာ နှစ်ယောက်သား Roနေတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။

Source; Myat Noe Aye

Leave a Reply

Your email address will not be published.