ရဲတိုက်ကတော့ မူးယစ်ဆေးအမှုကြောင့်ထောင်ဒဏ်ကျခံခဲ့ရတာဖြစ်ပြီး ပရိသတ်ရှေ့ကနေ အချိန်အတန်ကြာ ပျောက်ကွယ်နေခဲ့ရတာဖြစ်ပါတယ်။ယခုအခါမှာတော့ ရဲတိုက်အနေနဲ့ မူးယစ်ဆေးကို အပြီးတိုင်စွန့်လွှတ်လိုက်ပြီလို့ ပရိသတ်ကို အသိပေးလာခဲ့တာပါ။


“ကျွန်တော်ကတိ ကျွန်တော် တည်တယ် မူးယစ်ဆေးနဲ့ပတ်သက်ရင် လုံးဝမသုံးတော့ပါ တော်တော်လေး နာကျင်ခံစားရပါတယ် မျက်ရည်တွေလည်း ကျခဲ့ရပါတယ် ကျွန်တော် မညာတက်တာ ပရိသတ်ယုံမယ်ဆိုရင် ကျွန်တော် မူးယစ်ဆေး ဖြတ်လိုက်တယ်ဆိုတာ ယုံမယ်လို့ ထင်တယ်” လို့ဆိုလာခဲ့တာပါ။ရဲတိုက်ဟာမူးယစ်ဆေးဝါးကို ရွှေပြည်သာမြို့နယ်မှာရှိတဲ့ စိတ်ကျန်းမာရေးဆေးရုံမှာ တစ်လတိတိဖြတ်ခဲ့ရပြီး ဒုက္ခများစွာကို ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။“ကျွန်တော်အများကြီးနာကျင်ခံစားခဲ့ရပါတယ် မျက်ရည်တွေလည်းအများကြီးကျခဲ့ရပါတယ်။


ရုပ်ရှင်ထဲမှာလိုမဟုတ်တဲ့ နာကျင်မှုမျိုးတွေနဲ့ရင်ဆိုင်ခဲ့ရတာပါ ” လို့ဆေးဖြတ်စဉ်က ဒုက္ခတွေကိုလည်းပြောပြလာခဲ့တာဖြစ်ပါတယ်။ရဲတိုက်ဟာ လက်ရှိမှာတော့ အာရုံကြောအားနည်းတဲ့ ရောဂါဝေဒနာကိုခံစားနေရတာဖြစ်ပြီး ကျန်းမာရေးအခြေအနေပုံမှန်အတိုင်းပြန်ဖြစ်ဖို့ အကောင်းဆုံးကြိုးစားနေတယ်လို့လည်းသိရပါတယ်။
- Mg Kaung