ချစ်စရာကောင်းတဲ့ သူမရဲ့ ကလေးလေးတွေနဲ့ တွဲရိုက်ထားတဲ့ ပုံလေးတွေ မျှဝေပေးခဲ့တဲ့ ရွှေမှုန်ရတီ

မြန်မာနိုင်ငံရဲ့ ထိပ်တန်းစာရင်းဝင် မင်းသမီးချောလေး ရွှေမှုန်ရတီကတော့ လတ်တလောမှာ အဆိုတော်ရွှေထူးနဲ့ အိမ်ထောင်ကျကာ သာယာလှပတဲ့ ဘဝလေးတစ်ခုနဲ့ အခြေကျနေသူပဲ ဖြစ်ပါတယ်။ သူမဟာ တစ်နေ့တစ်ခြား ပိုပိုပြီး အလှတိုးလာကာ ပရိတ်သတ်တွေရဲ့ အသည်းကို သိမ်းပိုက်ထားနိုင်သူလေးလည်း ဖြစ်ပါတယ်။

မင်းသမီးချောလေး ရွှေမှုန်က သရုပ်‌ဆောင်ဘက်မှာ ထူးချွန်ရုံမက အဆိုပိုင်းမှာလည်း ထူးချွန်လာကာ ယခုဆိုရင် ပရိတ်သတ်တွေရဲ့ အထူးအားပေးမှုကို ရရှိထားပါတယ်။ သူမရဲ့ခင်ပွန်းဖြစ်သူကိုယ်တိုင် ရေးပေးခဲ့တဲ့ သီချင်းသုံးပုဒ်ကတော့ အမှား၊ ချစ်တယ်နဲ့ မိုးစက်များကပြောသော တို့ပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး လိုက်ဖက်လွန်းလှတဲ့ ရွှေနှစ်ရွှေကတော့ အမြဲလိုလို ကြည်နူးပြီး Roလွန်းတဲ့ သူတို့ရဲ့ videoလေးတွေကိုလည်း မျှဝေပေးလေ့ ရှိပါတယ်။

ခုတစ်ခါမှာတော့ ရွှေမှုန်က “သားသားတို့နဲ့အမှတ်တရ ??❤️”လို့ဆိုကာ ချစ်စရာကောင်းတဲ့ သူမရဲ့ ကလေးလေးတွေနဲ့ တွဲရိုက်ထားတဲ့ ပုံလေးတွေကို မျှဝေပေးခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ မေမေ‌ရွှေမှုန်နဲ့သားသားလေးတို့ရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Shwe Hmone Yati

Leave a Reply

Your email address will not be published.