အသက်ငယ်ငယ်လေးနဲ့ Miss Myanmar World တစ်ယောက်ဖြစ်ခဲ့တဲ့ ဟန်တီကတော့ အခုဆိုရင် မြန်မာနိုင်ငံမှာ အောင်မြင်တဲ့ မော်ဒယ်တစ်ယောက်အဖြစ် ရပ်တည်နေတာကို တွေ့ရပါတယ်။ ဟန်တီဟာ အင်္ဂလိပ်ဘာသာစကားနဲ့ ကိုရီးယားဘာသာစကားကို ကျွမ်းကျင်စွာ ပြောတတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။



ချစ်စရာကောင်းတဲ့ ဟန်တီလေးက “The Mask Singer Myanmar”မှာ ဇီးကွက်မျက်နှာဖုန်း ပိုင်ရှင်လေးအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါ့အပြင် “Dancing with the Stars”အစီအစဉ်မှာလည်း ကပြဖျော်ဖြေကာ ယှဉ်ပြိုင်ခဲ့ပါတယ်။ မော်ဒယ်တစ်ယောက်ဖြစ်တဲ့အပြင် အဆိုရော အကရော ထူးချွန်တဲ့ သူမကိုတော့ ပရိတ်သတ်တွေက အချစ်တွေ ပိုကာ အထူး အားပေးကြတာကို တွေ့ရပါတယ်။



ခုတစ်ခါမှာတော့ ဟန်တီလေးက “ဟန်တီကိုယ်တိုင်လုပ်တဲ့ pizza 🍕 လေး မစားချင်ဘူးလား?”လို့ဆိုကာ သူမကိုယ်တိုင် လုပ်နေတဲ့ Pizzaလေးနဲ့ ပုံရိပ်လေးတွေကို မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ Pizza 🍕လုပ်နေတဲ့ ဟန်တီလေးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source; Han Thi