မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဝတ်မှုန်ရွှေရည်ကတော့ အောင်မြင်တဲ့နေရာတစ်ခုမှာ ရပ်တည်နေပြီး အနုပညာလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ကိုင်လျှက် ရှိနေပါတယ်။ သူမရဲ့ အိမ်ခေါ်နာမည်လေးကတော့ ကစ်ပါ။ ဒါ့အပြင် ရွှေကစ်လေးဟာ “ဝင်္ကပါစံအိမ်”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ Asia Awardဆုကို ရရှိထားတဲ့ လေးစားရတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။


ရွှေကစ်လေးက လတ်တလောမှာတော့ ကြော်ငြာရိုက်ကူးရေးတွေကို အဆက်မပြတ် လုပ်ဆောင်နေပြီး အလှူအတန်းနဲ့ ပရဟိတတွေကိုလည်း လုပ်ဆောင်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် ရွှေကစ်လေးရဲ့ ညမဖြစ်သူ နဒီရွှေရည်ရဲ့ သားလေးနဲ့ ဆော့ကစားကာ အမြဲလိုလို ချစ်စရာ Videoလေးတွေကို မျှဝေပေးလေ့ ရှိပါတယ်။



ခုတစ်ခါမှာတော့ ရွှေကစ်လေးက “နေ့တိုင်း 21 Century ရဲ့ACID free C 500mg ကို သောက်ဖို့မမေ့နဲ့နော် ?”လို့ဆိုကာ ချစ်ပရိတ်သတ်တွေကို တိုက်တွန်းစကားလေးတွေ ဆိုရင်း သူမရဲ့ တောက်ပတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။ အမြဲလိုလို ဆယ်ကျော်သက်လေးတစ်ယောက်လို လန်းဆန်းတက်ကြွနေတဲ့ ရွှေကစ်လေးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။
Source; Wutt Hmone Shwe Yi