မင်းသမီးချောလေး ဆုအိမ့်စံကတော့ ကိတ်ပြီးဖွံ့ထွားတဲ့ ခန္ဒာကိုယ်ကောက်ကြောင်းအလှလေးကြောင့် ပရိတ်သတ်တွေရဲ့ကြားမှာ နာမည်ကျော်ကာ လူသိများလာခဲ့ရတာပဲ ဖြစ်ပါတယ်။ သူမကို အားလုံးက ချစ်စနိုးနဲ့ ဆုဆုလေးလို့ ခေါ်ကြပါတယ်။ ဆုဆုလေးရဲ့ လက်ရှိအချစ်ရေး အခြေအနေကတော့ ငြိမ်သက်နေဆဲပဲ ဖြစ်ပါတယ်။


လတ်တလောမှာတော့ ဆုဆုက အိမ်မှာနေရင်းနဲ့ ပါတိတ်အဆင်လေးတွေကို ကိုယ်တိုင်ဝတ်ပြကာ Liveမှသော်လည်းကောင်း၊ သူမရဲ့ လူမှုကွန်ယက်ပေါ်ကနေသော်လည်းကောင်း ရောင်းချနေတာပဲ ဖြစ်ပါတယ်။ သူမ ဝတ်ပြလိုက်တဲ့ ပါတိတ်အဆင်လေးတွေဟာလည်း သူမနဲ့ လိုက်ဖက်ကာ အရမ်းကို လှနေတာကို မြင်ရပါတယ်။



ခုတစ်ခါမှာလည်း ဆုဆုလေးက ရိုးရှင်းတဲ့ ဂျေဂျေပါတိတ်လေးနဲ့ မြင်ရသူ အေးချမ်းအောင် လှနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပါတယ်။ အေးချမ်းပြီး ရိုးရှင်းလွန်းတဲ့ အလှလေးတွေကို ပိုင်ဆိုင်ထားတဲ့ ဆုဆုလေးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source; Hsu Eaint San