Stay Home ကာလမှာ တူလေးတွေကိုပိုပြီး အချိန်ပေးဖြစ်နေတဲ့ နန်းစုရတီစိုး

အဆိုတော် သရုပ်ဆောင် မင်းသမီးချော နန်းစုရတီစိုးကတော့ အရုပ်မလေးမျက်နှာကို ပိုင်ဆိုင်ထားပြီး သေးသွယ်လှပတဲ့ ခန္ဒာကိုယ်လေးကြောင့် ပရိတ်သတ်တွေချစ်ရတဲ့ မင်းသမီးချောလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ နန်းစုရဲ့ အချစ်ရေးကတော့ လက်ရှိမှာ တစ်ယောက်တည်းဘဝနဲ့ အေးအေး‌ဆေးဆေး ဖြစ်နေပါတယ်။

လက်ရှိမှာတော့ နန်းစုက သရုပ်ဆောင် မင်းသားချော မင်းသွေးခန့်နဲ့ သရုပ်ဆောင်ထားတဲ့ “အလွမ်းရာသီ”ဆိုတဲ့ Music Videoလေး ထွက်ရှိထားပါတယ်။ နန်းစုရဲ့ ပရိတ်သတ်တွေကတော့ သူမရဲ့ ထွက်သမျှသီချင်းတိုင်းကို တခဲနက်အားပေးကြတာကို တွေ့ရပါတယ်။ နန်းစုဟာ သူမရဲ့ ချစ်ပရိတ်သတ်တွေအတွက် အမြဲလိုလို သူမရဲ့ လှုပ်ရှားမှုတိုင်းကို မျှဝေပေးလေ့ ရှိပါတယ်။

အခုတစ်ခါမှာလည်း နန်းစုက “Stay home ကာလ ဆိုတော့လည်း တူလေးတွေကိုပိုပြီး အချိန်ပေးဖြစ်တာပေါ့ ❤️”လို့ဆိုကာ သူမရဲ့တူလေးတွေနဲ့ ဆော့ကစားနေတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ တူရီးသုံးယောက်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Nansu Yati Soe

Leave a Reply

Your email address will not be published.