MRTV 4က ထုတ်လွှင့်ပြသခဲ့တဲ့ “ကျွန်မက မဟေသီ”ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ဗီလိန်မလေး “မိန်းမချော”နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သူကတော့ သံသာမိုးသိမ့်ပဲ ဖြစ်ပါတယ်။ ပီပြင်တဲ့ဇတ်ရုပ်ကို သရုပ်ဆောင်နိုင်တဲ့ သူမကိုတော့ ပရိတ်သတ်တွေက အထူးအားပေးကာ ချစ်ခင်နေကြတာကို တွေ့ရပါတယ်။


သိပ်မကြာသေးခင်ကလည်း ဇာတ်လမ်းတွဲတစ်ခုမှာ “မေပျိုဖြူ”ဆိုတဲ့ ဇာတ်ကောင်လေးနေရာကနေ သရုပ်ဆောင်ခဲ့ပါသေးတယ်။ ပရိတ်သတ်တွေကတော့ သူမကိုမြင်ရင် မိန်းမချောလား မေပျိုဖြူလား ဆိုပြီး အမြဲလိုလို ထင်နေကြမှာပါ။ ဒါ့အပြင် သံသာက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်လျှက် ရှိနေတာကို တွေ့ရပါတယ်။



ခုတစ်ခါမှာတော့ သံသာက “ဘယ်လျှောက်သွားနေတာလဲ ထီးတော်မိုးလေးရေ ဒီမာ မိုးမိပြီ”လို့ဆိုကာ သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။ မိုးရေထဲက ကောင်မလေးတစ်ယောက်ရဲ့ ချစ်စရာပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source; Than That Moe Theint