ခင်ပွန်းဖြစ်တဲ့ အောင်သူရဲ့ အရှက်အကြောက်ကြီးပုံကို ဖွင့်ဟလာတဲ့ ပိုးအိအိခန့်

နိုင်ငံ့ဂုဏ်ဆောင် ဘောလုံးသမားတစ်ဦးဖြစ်တဲ့ မြန်မာ့လက်ရွေးစင်ကစားသမား အောင်သူ နဲ့ ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး ပိုးအိအိခန့်တို့ ဇနီးမောင်နှံဟာပရိသတ်တွေလေးစားအားကျရတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပါ။ အခုအခါမှတော့ ပိုးအိအိခန့်ဟာ သူ့ရဲ့ ခင်ပွန်း အောင်သူရဲ့ အရှက်အကြောက်ကြီးပုံလေးတွေကို အရွှန်းဖောက်ပြီး ပရိသတ်တွေအချစ်ပိုရအောင် ဖွင့်ချလာခဲ့ပါတယ်။

“သိပ်ရှက်တတ်သော ကျွန်မ ခင်ပွန်း။အိမ်ထောင်ကျပြီး သိပ်မကြာ ကျွန်မကို ကိုအောင်သူ့အမေ က ပြောပြဖူးတယ်။ဘောလုံးပွဲကြည့်တိုင်း ဘေးကပရိသတ်တွေက အောင်သူ့ကို မာနကြီးတယ် မတူသလို မတန်သလိုဖြစ်တယ်လို့ ပြောကြလို့ သားကို အမြဲမှာတယ်တဲ့။ ဘယ်လိုမှာတာလဲဆိုတော့ “သားရယ် ဘောလုံးကွင်းထဲရောက်ပြီဆိုရင် ခေါင်းလေးမော့ပြီး လက်လေး ပြလိုက်ပါ သားလကိပြတာ မောင်ဖြူ့ကိုလည်း မဟုတ် မောင့်နီ့ကိုလည်းမဟုတ်ပါဘူးသားရယ် အဲ့ဒါလေးတော့ လုပ်ပြလိုက်ပါ ငါ့သားရဲ့ ဘယ်လောက်မှာမှာ ပွဲရောက်လို့ ကြည့်လိုက်ရင် သိပ်ရှာစရာမလိုဘူး ခေါင်းငုံ့နေရင် အောင်သူပဲ တဲ့ ။အဲ့ဒါကြောင့် ကျွန်မ ယောကျာ်းကို မတက်ကြွဘူးပြောရင် ကျွန်မ ရယ်လည်း ရယ်ချင်သလို စိတ်လည်းမကောင်းဘူး။လူတစ်ယောက်ရဲ့ အကျင့်နဲ့ဗီဇက ဘယ်လိုများဖျောက်လို့ရပါ့မလဲရှင်။ဘယ်လောက်တောင်များ ပြုံးပြုံးရွှင်ရွှင်မနေတတ်သလဲဆိုရင် သူသိပ်ချစ်ပါတယ်ဆိုတဲ့မိန်းကလေးနဲ့(အက်လယ် ကွကိုယ်တော့ နေရာကောင်းဝင်ယူဦးမှ) မင်္ဂလာဆောင်တဲ့ နေ့မှာတောင် လူတွေများလွန်းလို့ ရှက်ပြီး မျက်နှာတည်နဲ့မနေတတ် ဖြစ်နေတဲ့ကျွန်မယောကျာ်းပါ။

အဲ့တုန်းကတောင် တစ်ချို့က ကိုအောင်သူက မပျော်ဖူးလားတို့ မချစ်တာလားတို့ မေးကြပါသေးတယ်။တကယ်တော့ မဟုတ်ရပါဘူးရှင် သူက ကျွန်မကို သိပ်ချစ်ပါတယ်(ငါကွ)ဒီစာလေးဖတ်ပြီး ယောကျာ်း ပျော်ပါစေ။ အဝေးကပါရမီဖြည့်နေတဲ့ချစ်မိန်းမ ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးသားခဲ့တာပါ။ပိုးအိအိခန့်ကို အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်တွေသတိထားမိခဲ့ကြပြီး နောက်ပိုင်းမှာတော့ သူဟာ သရုပ်ဆောင်တစ်ယောက်အဖြစ်ရပ်တည်ခဲ့တာလည်းဖြစ်ပါတယ်။ အောင်သူနဲ့အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ အနုပညာလုပ်ငန်းတွေရပ်နားကာ မိသားစုအတွက်အချိန်ပေးနေတာဖြစ်ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.