တိုင်ရွန်ကတော့ အနုပညာလောကထဲကို Model တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ အောင်မြင်တဲ့လူငယ် သရုပ်ဆောင်ယောက်ဖြစ်လို့ နေပါပြီ။သူဟာ ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်၊ စတိုင်လ်ကျကျ ဝတ်ပုံစားပုံတို့ကြောင့် မိန်းကလေးပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။



အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်နေတဲ့ မင်းသားတစ်လက်ပီပီ ဝေဖန်တိုက်ခိုက်မှုတွေများစွာကို ခံရလေ့ရှိတဲ့ တိုင်ရွန်က လတ်တလောမှာလည်း အိမ်ထောင်ရှိအမျိုးသမီးတစ်ယောက်ရဲ့ စပွန်ဆာယူတယ်ဆိုပြီး သွားပုပ်လေလွင့်ပြောဆိုခံနေရတာပဲ ဖြစ်ပါတယ်။ ထိုကိစ္စနဲ့ ပက်သတ်ပြီး တိုင်ရွန်ကတော့ မဟုတ်တာတွေ မပြောကြဖို့ အနူးအညွတ်တောင်းပန်လာတာကို တွေ့ရပါတယ်။” မဟုတ်ပဲမတင်ပါနဲ့ဗျာ။ မိသားစုတွေပျက်စီးမယ်ဗျ။ ကျွန်တော့်ကိုပဲပြောပါ။ မသေချာပဲပြောတာမကောင်းပါဘူး။




ကျွန်တော် ဘယ်တော့မှ သူများ မိသားစုပြိုကွဲအောင်၊ သူများ သားမယားစိတ်နဲ့တောင်မပြစ်မှားဖူးပါဘူး။ အားလုံး အေးချမ်းနိုင်ကြပါစေ။ ဝဋ်ကြွေးတွေရှိလဲ ကျေပါစေတော့ဗျာ တောင်းပန်ပါတယ် ” လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားခဲ့တာဖြစ်ပါတယ်။တိုင်ရွန်ကတော့ ပြီးခဲ့တဲ့လကလည်း ယုန်လေးရဲ့ ကိစ္စနဲ့ ပက်သတ်ပြီး ပရိသတ်တွေရဲ့ ဝေဖန်ပြောဆိုမှုကို ပြင်းပြင်းထန်ထန်ခံခဲ့ရသလို လက်ရှိမှာလည်း အိမ်ထောင်ရှိအမျိုးသမီးနဲ့ ဇာတ်လမ်းတွေရှိတယ်ဆိုပြီး လူမှုကွန်ယက်ကနေ တိုက်ခိုက်ခံနေရတာပဲ ဖြစ်ပါတယ်။
- Mg Kaung