“တခါတလေ လူကြီးဆန်ဆန်လေးပေါ့” လို့ဆိုကာ တည်ငြိမ်ရင့်ကျက်တဲ့ ပုံရိပ်လေးတွေကို မျှဝေပေးခဲ့တဲ့ Bobby Soxer

မြန်မာနိုင်ငံရဲ့ Rapperမလေးတစ်ယောက်ဖြစ်တဲ့ Bobby Soxerကတော့ လက်ရှိမှာ အောင်မြင်တဲ့ နေရာတစ်ခုမှာ ရပ်တည်လျှက် ရှိနေပါတယ်။ သူမရဲ့ အိမ်ခေါ်နာမည်လေးကတော့ ထက်ထက်ပါ။ ထက်ထက်ကတော့ လက်ရှိမှာ တေးသံရှင် အဆိုတော် လွှမ်းပိုင်နဲ့ ချစ်ကြိုက်လျှက် ရှိနေခဲ့တာ ၁၀နှစ်ကျော်နီးပါး ရှိခဲ့ပါပြီ။

ထက်ထက်ကို သူမရဲ့ ချစ်သူဖြစ်တဲ့ အဆိုတော် လွှမ်းပိုင်က ဂွက်ဂွက်လို့ဆိုကာ ချစ်စနိုးခေါ်လေ့ ရှိပါတယ်။ သူမတို့အတွဲလေးဟာ အကြိုက်၊ဝါသနာ၊အလုပ်တွေမှာ စိတ်တူကိုယ်တူ ရှိတာကိုလည်း တွေ့ရပါတယ်။ Game တွေဆိုလည်း အတူတူဆော့ကာ တစ်ယောက်ကိုတစ်ယောက် အားပေးရင်း ရှေ့ဆက်နေကြတာကို တွေ့ရပါတယ်။

အမြဲလိုလို ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် နေတတ်တဲ့ ထက်ထက်ကတော့ အခုတစ်ခါမှာ “”တခါတလေ လူကြီးဆန်ဆန်လေးပေါ့” လို့ဆိုကာ တည်ငြိမ်ရင့်ကျက်တဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ဖေ့စဘွတ် စာမျက်နှာကနေ မျှဝေပေးလာခဲ့ပါတယ်။ ထက်ထက်ရဲ့ ရင့်ကျက်တည်ငြိမ်နေတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Bobby Soxer

Leave a Reply

Your email address will not be published.