မြန်မာအိုင်ဒေါရဲ့ Winnerတစ်ယောက်ဖြစ်တဲ့ အက်စတာဒေါ့ချင်းဆုန်ကတော့ လတ်တလောမှာ သူမရရှိပိုင်ဆိုင်ခဲ့တဲ့ Star City Condoမှာ သူမရဲ့ မိသားစုနဲ့အတူ အေးချမ်းစွာ နေနေပြီပဲ ဖြစ်ပါတယ်။ Covidကာလအတွင်း အနုပညာလှုပ်ရှားမှုတွေကို ခန ရပ်နားထားကာ မိသားစုကို အချိန်ပေးရင် ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ ဆုန်ဆုန်က မကြာခနဆိုသလိုတော့ Liveလွှင့်ပြီး သူမရဲ့ ချစ်ပရိတ်သတ်တွေကို သူမရဲ့မောင်လေးနဲ့အတူ သီချင်းတွေ ဆိုပြလေ့ ရှိပါတယ်။


မကြာသေးခင်ကမှ ထွက်ရှိထားခဲ့တဲ့ သူမရဲ့ အယ်လ်ဘမ်အသစ်ဖြစ်တဲ့ “Unseen”ဆိုတဲ့ သီချင်းလေးဟာလည်း ပရိတ်သတ်တွေရဲ့ အထူးအားပေးမှုကို ရရှိခဲ့ကာ Top 10စာရင်းထဲဝင်ပြီး နံပါတ် ၄ နေရာမှာ ရပ်တည်နေတာကို တွေ့ရပါတယ်။ ခုရက်ထဲတော့ သူမက ကြော်ငြာရိုက်ကူးရေး အနည်းငယ်ကို ပြန်လည်လုပ်ဆောင် လာနေတာကိုလည်း တွေ့ရပါတယ်။


ခုတစ်ခါမှာတော့ ဆုန်ဆုန်က “အားလုံး စိတ်ညစ်နေမယ့်အစား မိသားစုနဲ့ပျော်ပျော်နေကြနော် သံစဉ်လေးတွေချစ်တို့လက်ထဲမထည့်နိုင်သေးရင်တောင် ဆုန်ဆုန်က ပုံလေးတွေနဲ့ အမြဲတမ်းအချစ်တွေဝေမျှပေးနေမယ် အားလုံး Stay Home/Safe နော် “လို့ဆိုကာ လှပတဲ့ သူမရဲ့ ပုံရိပ်လေးတွေနဲ့အတူ မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။ ကဲ ပရိတ်သတ်ကြီးရေ ဆုန်ဆုန်လေးရဲ့ အားပေးစကားလေးတွေကို နားထောင်ကြပြီး အိမ်မှာ နေကြပါနော်။
Source; Esther Dawt Chin Sung