နေခြည်ဦးကို အမြဲအောင်မြင်စေချင်တယ်ဆိုတဲ့ အောင်ရဲလင်း

အောင်ရဲလင်းဟာ လက်ရှိမှာ နေခြည်ဦးနဲ့ အတူ အဆိုတော်ထက်ယံရဲ့ ၃ပုဒ်တွဲ Music Video Series တစ်ခုကို ရိုက်ကူးခဲ့ပြီး ပရိသတ်တွေကြား အထူးရေပန်းစားလျက်ရှိတာပါ။ယခုရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ အောင်ရဲလင်းက နေခြည်ဦးကို အမြဲအောင်မြင်နေစေချင်တဲ့အကြောင်း ရင်ဖွင့်လာခဲ့တာဖြစ်ပါတယ်။

“သူနဲ့ကျွန်တော်ပြန်တွေ့တဲ့အခိုက်မှာ Blogger အဖြစ်ရော၊ သရုပ်ဆောင်တစ်ယောက် အဖြစ်ရော အောင်အောင်မြင်မြင် ဖြစ်နေတာတွေ့ရတော့ အရမ်းကို ဝမ်းသာပါတယ်။ သူလုပ်တဲ့ အလုပ်တိုင်းအရာထင်စေချင်တယ်၊တစ်ခုလုပ်ရင် တစ်ခုအကောင်းဆုံး ဖြစ်စေချင်တယ် လို့ အောင်ရဲလင်းက ဆိုလာခဲ့တာပါ။“ကျွန်တော် အမြဲတမ်း လည်းပြောပါတယ် သူအခုလိုမျိုး အောင်မြင်နေတာမျိုးကိုပဲ ကျွန်တော်အမြဲမြင်ချင်တာပါ သူလုပ်သမျှအရာထင်တာမျိုးပေါ့နော် သူနဲ့အခုပြန်ဆုံပြီးရိုက်ကူးရေးလုပ်တဲ့ အချိန်မှာ သူအများကြီးပြောင်းလဲတိုးတက်လာတာတွေ့ရပါတယ် ရိုက်ကူးရေးမှာလည်း တစ်ခုခုဆိုသင်ပေးဖြစ်ပါတယ် ” လို့ ဆက်လက်ပြောဆိုလာခဲ့တာဖြစ်ပါတယ်။

ထက်ယံ ရဲ့ Music Video Series ၃ ပုဒ်ဟာ လက်ရှိမှာတော့ ၂ ပုဒ်အထိ ထွက်ရှိခဲ့ပြီဖြစ်ပြီး အောင်ရဲလင်း နဲ့ နေခြည်ဦးတို့ရဲ့ အတွဲအဖက်ညီတဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်စိတ်ဝင်စားမှုအတော်လေးမြင့်တက်နေခဲ့တာပဲဖြစ်ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.