ပရိတ်သတ်တွေကိုကျန်းမာရေးဂရုစိုက်ကြဖို့ တိုက်တွန်းစကားဆိုလိုက်တဲ့ အောင်မင်းခန့်

‘ထာဝရမန္တလေး’ ဇာတ်လမ်းတွဲနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ အောင်မင်းခန့်ကတော့ လက်ရှိမှာ မြန်မာနိုင်ငံရဲ့ နာမည်ကျော်ဇာတ်လမ်းတွဲမင်းသားတစ်လက်ဖြစ်လို့နေပါပြီ။ သူ့အနေနဲ့ ကိုဗစ်ကာလမှာ ကျန်းမာရေး ဂရုစိုက်နေထိုင်ဖြစ်ပုံကို အခုလိုပြောပြလာပါတယ်။” အကြီးအကဲတွေကလည်း ပထမ ဖြစ်ကတည်းက ညွှန်ကြားပြီး သားပေါ့လေ။ စတေးဟုမ်းလုပ်ရမယ်။ ပြီးရင် Social Distancing လုပ်ပြီးတော့ လူစုလူဝေးရှိတဲ့ နေရာတွေ ရှောင်ရမယ်ဆိုတာကို သူတို့ အစကတည်းက ညွှန်ကြားထားခဲ့တယ်။ ကျွန်တော်ကလည်း အခုအချိန်ကာလ မှာအပြင်ကလည်း သိပ်မထွက်ရဲတော့ ကျွန်တော့်အလုပ်ကိစ္စလောက်ပဲထွက် ဖြစ်ပြီးတော့ တခြားလူမှုရေးကိစ္စတွေ အတွက် သိပ်မထွက်ဖြစ်ဘူး။ မိမိကိုယ် မိမိကာကွယ်တာကတော့ အကောင်းဆုံးပါပဲ။

ဘာပဲပြောပြော တခြားသူတွေကိုလည်း ကျွန်တော့်လိုပဲ တတ်နိုင်သလောက် နေစေ ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက တစ်ဦးတစ်ယောက်ချင်းစီ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်မှ ရမှာပေါ့။ အရင်တုန်းကဆိုရင် ပိုးတွေ့လူနာ အယောက် ၁၀၀၀ ဖြစ်ဖို့က တော်တော်ကြာတယ်လေ။ အခုကတော့ အယောက် ၁၀၀၀ ဖြစ်ဖို့ သုံးရက်လောက်ပဲ ကြာတယ်ဆိုတော့ ကူးစက်မှုနှုန်းက တအားမြင့်မားလာပြီ။ အားလုံးဆင်ခြင်ကြဖို့ပဲ တိုက်တွန်းချင်ပါတယ်။ လိုအပ်တာထက် ပိုပြီးတော့ အပြင်မထွက်ကြဖို့ပဲ ပြောချင်ပါတယ် ” လို့ဆိုပါတယ်။ဒီကာလတွေမှာ ဇာတ်ကားရိုက်ကူးမှုတွေကို ရပ်တန့်ထားရတော့ အနုပညာရှင်တစ်ယောက် အနေနဲ့ ထိခိုက်မှုတွေကိုလည်းသူကအခုလိုပြောပါတယ်။” ဖျော်ဖြေရေးဆိုတာက နိုင်ငံတစ်နိုင်ငံရဲ့နောက်ဆုံးမှာရှိတဲ့ ကဏ္ဍတစ်ခုမှာ ပါဝင်တယ်။ အရင်ဆုံး ကျန်းမာရေးကောင်းရမယ်၊ နေထိုင်မှု၊ အစားအသောက်၊ ကျန်းမာရေး အကုန်လုံးပြီးသွားမှ ဖျော်ဖြေရေး ကဏ္ဍဆိုတာက ရောက်လာတာပေါ့။ ကျွန်တော်တို့လည်း ဘာပဲပြောပြော အလုပ်တွေနားထား ရတော့ ထိခိုက်တာပဲလေ။ လက်ခံထားတဲ့အလုပ်တွေဆိုလည်း အကုန်လုံး ရွှေ့ဆိုင်းကုန်တယ်။ ကျွန်တော်တို့လည်း ဒီအလုပ်နဲ့ရပ်တည်နေရတာဆိုတော့ ထိခိုက်မှုတွေတော့ ရှိတာပေါ့လေ။ ဒါပေမဲ့ လည်း ကျွန်တော်တို့ကဏ္ဍမှ မဟုတ်ဘူး၊ တစ်နိုင်ငံလုံးမှာ ကဏ္ဍအသီးသီးက ထိခိုက်နေတာဆိုတော့ ကိုဗစ်ဆိုတဲ့ ရောဂါကြီးအတွက် ကာကွယ်ဆေးတော့ အမြန်ဆုံးပေါ်စေချင်တာပေါ့ ” လို့ဆိုပါတယ်။

ဒါ့အပြင် အောင်မင်းခန့်က ပရိသတ်တွေကိုလည်း ကျန်းမာရေးဂရုစိုက်စေချင်တဲ့အကြောင်းကို ” ပရိသတ်တွေအကုန်လုံး စတေးဟုမ်းနေကြပါ။ ကျန်းမာရေးကို ဂရုစိုက်ပါ။ တစ်ကိုယ်ရေ သန့်ရှင်းရေး ကို ဂရုစိုက်ကြပါ။ မိမိက မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုရင်တောင်မှ အရက်ပြန်ဖျန်းတဲ့ဘူးတို့၊ Mask တို့၊ လက်အိတ်တို့ကို မဖြစ်မနေ ယူသွားစေချင်ပါတယ်။ ဘာပဲပြောပြော ကိုယ်က အပြင်ကို သွားပြီဆိုရင် ကိုယ်ကရောဂါကိုသယ်လာတဲ့သူ ဖြစ်လား၊ မဖြစ်ဘူးလား ဆိုတာကို ကိုယ်တိုင်တောင် သေချာမပြောနိုင်ဘူးလေ။ အဲဒီတော့ ကိုယ်သိသလောက် ၊ တတ်သလောက်နဲ့ ကိုယ့်ကိုယ်ကိုယ်အတွက် ရော၊ မိသားစုအတွက်ရော၊ ပတ်ဝန်းကျင်အတွက်ပါ ကာကွယ်ပေးခြင်းအားဖြင့် ကမ္ဘာမြေကြီးကို ကာကွယ်ပေးကြပါ။ ” လို့ ဆက်လက်ပြောပြသွားခဲ့ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.