အဆိုတော် ထက်ယံရဲ့ သီချင်းသုံးပုဒ်ကို ဇာတ်လမ်းတွတွဲပုံစံ ဖန်တီးထားတဲ့ Music Video Series ကို စက်တင်ဘာ ၉ ရက်က စတင်တင်ဆက်ပြသခဲ့ရာ ပရိသတ်စိတ်ဝင်စားမှုများနေပြီး ကြည့်ရှုသူ သုံးသန်းကျော်သွားပြီဖြစ်ပါတယ်။ဒါရိုက်တာပွင့်သိဂီဇော်(အရုဏ်ဦး)ကဖန်တီးရိုက်ကူးကာသရုပ် ဆောင်များအဖြစ် အောင်ရဲလင်း၊ ထက်ယံ၊ နေခြည်ဦး၊ လီလီကျော်ခိုင် တို့ ပါဝင်သရုပ်ဆောင်ထားပြီး လေးပွင့်ဆိုင် အချစ်ဇာတ်လမ်းပုံစံ ဖန်တီးရိုက်ကူးထားတဲ့ ချစ်လိုက်အမည်ရှိ MusicVideo ကို အပိုင်း (၁)အနေဖြင့် ပြသခဲ့ရာ ပရိသတ် စိတ်ဝင်စားမှု အများအပြား ရရှိခဲ့ပါတယ်။



Music Video အပိုင်း(၂)အနေနဲ့ အဆိုတော် ထက်ယံနှင့် X-box တို့ သီဆိုထားသည့် “မင်းထက်နိဗ္ဗာန်ကို မလိုချင်” သီချင်းဖြင့် စက်တင်ဘာ ၁၂ ရက်က V7 Entertainment တွင် တင်ဆက်ပြသထားတာပါ။“အဓိကကတော့ ကျွန်တော့်သီချင်းမှာ အဘက်ဘက် ကူညီပံ့ပိုး ပေးတဲ့ ဒါရိုက်တာတွေ၊ ရိုက်ကူးရေးက သူတွေရော ကျွန်တော့်ကို ပံ့ပိုး ပေးတဲ့ သူတွေပါ ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့ အိုင်ဒီယာကို မငြင်းလွှတ်လိုက်တဲ့ ကိုအောင်ရဲလင်းနဲ့ မနေခြည်ကိုလည်း ကျေးဇူးတင်မိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါက အနုပညာတစ်ခုကိုဖန်တီးတာပေါ့။ တခြား ကိစ္စတွေကို လူတွေ ဘာပဲပြောပြော ဒါသည် အနုပညာတစ်ခုဖြစ်တဲ့ အတွက် သူတို့အတွက်လည်း အမှတ်တရ ဖြစ်စေသလို ကျွန်တော့် အတွက်၊ ဒါရိုက်တာအတွက်လည်း ဒါလေးက မမေ့သွားမယ့် အလုပ် တစ်ခုကို ဖန်တီးခဲ့ကြတာ ဖြစ်တဲ့အတွက် အနုပညာကို အနုပညာလို့ပဲ ခံစားပေးပါ။ ကျွန်တော်တို့အားလုံးကို အားပေးပါ။ ထွက်လာရင်လည်း ဝေဖန်ပါ။ သီချင်းနဲ့ ရိုက်ထားတဲ့အရာနဲ့ မဆိုင်တဲ့ဟာမျိုးတွေကိုမကြည့် ဘဲနဲ့ အနုပညာကိုပဲ ခံစားပေးစေချင်တယ်။


အဓိကကတော့ ဒီသီချင်း တွေထွက်ဖြစ်တာက ကျွန်တော့်ရဲ့ Gravity ဆိုတဲ့ အယ်လ်ဘမ်အတွက် ပါ၊ အဲဒီအယ်လ်ဘမ်က အခွေအတွက် ထွက်မှာ မဟုတ်ပေမယ့် အခုလို မျိုး သီချင်းသုံးပုဒ်ထွက်တဲ့အချိန်မှာပဲ Jooxမှာ အယ်လ်ဘမ်ကို ရောင်း ထားတယ်။ ထွက်မယ့်နေ့ကိုလည်း အတိအကျ ပြောပေးမယ်။ အယ်လ် ဘမ်မှာလည်း သီချင်းခြောက်ပုဒ်ပါတယ်။ အဲဒီ အယ်လ်ဘမ်အတွက် ပရိသတ်တွေကို လက်ဆောင်ပေးမယ့်အစီအစဉ်တွေလည်း လုပ်ဖို့ရှိပါ တယ်”ဟု အဆိုတော် ထက်ယံက ပြောပါတယ်။အဆိုပါ “Music Video Series မှကျန်ရှိနေတဲ့သီချင်းကိုV7Entertainmentကနေစက်တင် ဘာ ၁၅ ရက်နေ့မှာ တင်ဆက်ပေးမှာဖြစ်ကြောင်းလည်း သိရပါတယ်။
- Mg Kaung