ကပ်ကြီးပြီးရင် စိန်ရွှေရတနာတစ်ဆင်စာနဲ့ လာတောင်းမယ်ဆိုတဲ့ သူမရဲ့ကိုကိုကို အလင်းပြလိုက်တဲ့ ဖြူဖြူကျော်သိန်း

မြန်မာနိုင်ငံရဲ့ အသံပါဝါ အကောင်းဆုံး အမျိုးသမီးအဆိုတော်တွေထဲက တစ်ယောက်ကိုပြပါဆိုရင် အဆိုတော် ဖြူဖြူကျော်သိန်းကိုပဲ ပြေးမြင်ကြမယ် ထင်ပါတယ်နော်။ တေးသံရှင် ဖြူဖြူကျော်သိန်းရဲ့ အသည်းကွဲသီချင်းတွေဟာဆိုရင် လူကြီး၊ လူရွယ်၊၊ လူငယ်မရွေး ကြိုက်ကြတာကို တွေ့ရပါတယ်။ ဖြူဖြူဟာ လေးစားစရာကောင်းတဲ့ ဆရာဝန်တစ်ယောက် ဖြစ်တဲ့အပြင် မြန်မာအိုင်ဒေါရဲ့ အကဲဖြတ်ဒိုင်လူကြီးတစ်ယောက်လည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဖြူဖြူက “အချစ်မီး” ဆိုတဲ့ သီချင်းအသစ်လေးတစ်ပုဒ် ထွက်ရှိထားပါတယ်။ ခုလို Covidကာလအတွင်းမှာ ဖြူဖြူက အိမ်မှာ နားနေရင်းနဲ့ Liveလွှင့်ပြီး ပရိတ်သတ်တွေကို စကားပြောပေးကာ သီချင်းတွေကိုလည်း ဆိုပြလေ့ ရှိပါတယ်။ ဖြူဖြူရဲ့ ထူးခြားချက်တစ်ခုကတော့ ပွဲတွေတက်တဲ့အခါမှာ အမြဲလိုလို ထူးဆန်းတဲ့ဖက်ရှင်တွေနဲ့ ပွဲတက်လေ့ရှိကာ “ဖက်ရှင်ဘုရင်မ”ရယ်လို့ နာမည်ကျော်ကာ အောင်မြင်လျှက် ရှိနေပါတယ်။

ခုတစ်ခါမှာတော့ ဖြူဖြူက “ကပ်ကြီးပြီးရင် စိန်ရွှေရတနာတစ်ဆင်စာနဲ့ လာတောင်းမယ်ဆိုတဲ့ ခလေးလေးရဲ့ကိုကို ကိုမြင်ဖူးချင်တယ်ဆိုလို့ အလင်းပြလိုက်ပြီနော်??”လို့ဆိုကာ မင်းသားချော ဘုန်းရှိန်ခန့်နဲ့ စိန်ရွှေရတနာ ကြော်ငြာနေတဲ့ ပုံရိပ်လေးတွေကို အပြောင်သဘောမျိုးလေးနဲ့ စနောက်ပြီး တင်ခဲ့တာပဲ ဖြစ်ပါတယ်။ နှစ်ယောက်သား လိုက်ဖက်စွာ မြင်တွေ့ရတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Phyu Phyu Kyaw Thein

Leave a Reply

Your email address will not be published.