ညို့အားပြင်းတဲ့ အကြည့်တွေကို ပိုင်ဆိုင်ထားပြီး ထိုင်းမလေးနဲ့တူတဲ့ ပက်ထရစ်ရှာကတော့ ပုရိသယောက်ကျားလေး ပရိတ်သတ်တွေရဲ့ အသည်းစွဲမင်းသမီးချောလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမကို အားလုံးက ချစ်စနိုးနဲ့ ရှာရှာလို့ ခေါ်ပါတယ်။ ရှာရှာက နိုင်ငံခြားသားတစ်ယောက်နဲ့ ချစ်ကြိုက်နေကာ သူမအပေါ် အလိုလိုက်ပြီး နားလည်မှု ရှိတာကို တွေ့ရပါတယ်။




ရှာရှာက အမြဲလိုလို ခရီးတွေသွားကာ ဖက်ရှင်ကျပြီး မိမိုက်တဲ့ ပုံတွေကို မျှဝေပေးလေ့ ရှိပါတယ်။ ဆန်းသစ်ပြီး အများနဲ့မတူတဲ့ Tiktok ရိုက်ချက်တွေကိုလည်း အမြဲလိုလို ရိုက်ပေးလေ့ ရှိပါတယ်။ အခုဆိုရင် ရှာရှာ့မှာ ယောက်ကျားလေး ပရိတ်သတ်တွေသာမက မိန်းကလေးပရိတ်သတ်တွေပါ တိုးလို့ လာတာကို တွေ့ရပါတယ်။




ခုတစ်ခါမှာလည်း ရှာရှာက လီလီပန်းတွေရဲ့ကြား ညို့အားပြင်းတဲ့ စူးရှတဲ့အကြည့်တွေနဲ့ ဖမ်းစားလိုက်တဲ့ အမိုက်စား ပုံရိပ်လေးတွေက်ု သူမရဲ့ ဖေ့စဘွတ် စာမျက်နှာကနေ မျှဝေပေးလာခဲ့ပါတယ်။ ကဲ ဒါဆိုရင် ရှာရှာရဲ့ ပရိတ်သတ်ကြီးအတွက် အမိုက်စား ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source; Patricia