ချစ်ခင်ပွန်း ရိုက်ပေးထားတဲ့ ပုံလေးတွေကို မျှဝေပေးခဲ့တဲ့ မင်းသမီးချောလေး ရွှေမှုံရတီ

မြန်မာနိုင်ငံရဲ့ ထိပ်တန်းစာရင်းဝင် မင်းသမီးချောလေး ရွှေမှုန်ရတီကတော့ လတ်တလောမှာ အဆိုတော်ရွှေထူးနဲ့ အိမ်ထောင်ကျကာ သာယာလှပတဲ့ ဘဝလေးတစ်ခုနဲ့ အခြေကျနေသူပဲ ဖြစ်ပါတယ်။ သူမဟာ တစ်နေ့တစ်ခြား ပိုပိုပြီး အလှတိုးလာကာ ပရိတ်သတ်တွေရဲ့ အသည်းကို သိမ်းပိုက်ထားနိုင်သူလေးလည်း ဖြစ်ပါတယ်။

မင်းသမီးချောလေး ရွှေမှုန်က သရုပ်‌ဆောင်ဘက်မှာ ထူးချွန်ရုံမက အဆိုပိုင်းမှာလည်း ထူးချွန်လာကာ ယခုဆိုရင် ပရိတ်သတ်တွေရဲ့ အထူးအားပေးမှုကို ရရှိထားပါတယ်။ သူမရဲ့ခင်ပွန်းဖြစ်သူကိုယ်တိုင် ရေးပေးခဲ့တဲ့ သီချင်းသုံးပုဒ်ကတော့ အမှား၊ ချစ်တယ်နဲ့ မိုးစက်များကပြောသော တို့ပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး လိုက်ဖက်လွန်းလှတဲ့ ရွှေနှစ်ရွှေကတော့ အမြဲလိုလို ကြည်နူးပြီး Roလွန်းတဲ့ သူတို့ရဲ့ videoလေးတွေကိုလည်း မျှဝေပေးလေ့ ရှိပါတယ်။

ခုတစ်ခါမှာလည်း ရွှေမှုန်က “အလှဆုံးဖန်တီးပေးပါဦးလို့ဆိုပြီး ပူဆာထားလို့ ကျားကျားတစ်ယောက်#HuaweiY6pနဲ့ဒီနေ့ရိုက်ပေးထားတဲ့ ပုံလေးတွေပါနော်❤️❤️❤️❤️❤️❤️#အမိုက်စားCamera#ပေါ့ပါးလန်းဆန်းသောကလေးငယ်လေးအသွင်?”လို့ဆိုကာ ရွှေထူးကိုယ်တိုင် ရိုက်ပေးထားတဲ့ ပုံလေးတွေကို မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။

Source; Shwe Hmone Yati

Leave a Reply

Your email address will not be published.