တယောသင်တန်းကျောင်းဖွင့်လှစ်ထားတဲ့အကြောင်းပြောပြလာတဲ့ နိုနိုကေ

သရုပ်ဆောင် မော်ဒယ်လ် နိုနိုကေကတော့ လက်ရှိမှာ ကိုယ်ပိုင်တယောသင်တန်းကျောင်းကို ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ သူမဟာ တယောပညာကို ဖခင်ဖြစ်သူထံမှ သင်ယူခဲ့တာဖြစ်ပြီး တယောဝါသနာရှင်တွေအတွက် လက်ဆင့်ကမ်းပညာပေးချင်တာကြောင့် ကိုယ်ပိုင်သင်တန်းကျောင်းလေး ဖွင့်ဖြစ်ခဲ့တဲ့အကြောင်းကို ပြောပြလာပါတယ်။

“ တယောသင်တန်းပေးဖြစ်တဲ့ ရည်ရွယ်ချက်က အနာဂတ်မျိုးဆက်သစ်လူငယ်တွေကို ဂီတလက်ဆင့်ကမ်း အမွေတွေထဲကမှ တယောပညာကို လက်ဆင့်ကမ်းချင်လို့ သင်တန်းဖွင့်ဖြစ်တယ်။ ကိုယ်ပိုင်စီးပွားရေးထက်စာရင် ပညာကို အသုံးပြုပြီးတော့ လုပ်ရတဲ့ စီးပွားရေးကို ပိုသဘောကျတယ်။ အခုချိန်မှာ တယောသင်တန်း ဖွင့်ထားပေမယ့် နောင်တစ်ချိန်မှာ တယော ကျောင်းတစ်ခု ဖြစ်လာဖို့ ရည်မှန်းထားတယ်။ ဒီ အိပ်မက် တကယ်ဖြစ်လာဖို့ ကြိုးစားနေပါတယ်” လို့ သူက ဆိုပါတယ်။လက်ရှိ ဖြစ်ပေါ်နေတဲ့ Covid ကာလကြောင့် တယော သင်တန်းကို ခဏပိတ်ထားတယ်လို့ နိုနိုကေက ဆိုပါတယ်။ သူမအနေနဲ့ သင်တန်းလည်းပိတ်၊ အနုပညာအလုပ်တွေလည်း ခဏရပ်နားထားတဲ့ အချိန်မှာ သူမဝါသနာပါတဲ့ ပညာရပ်လေးတွေကို သင်ကြားနေတယ်လို့ပြောပါတယ်။

“ Covid ကာလမှာ ကိုယ်ဝါသနာပါတဲ့ အလုပ်လေးတွေ လုပ်ဖြစ်တယ်။ အဓိက ကတော့ Facebook ကြာ်ငြာလေးတွေ ရိုက်ဖြစ်တယ်။ ပြီးတော့ တယောတီးတာ လေ့ကျင့်ဖြစ်တယ်။ ဂီတနဲ့ ပတ်သက်တာတွေထဲမှာ ကိုယ်မသိတဲ့ အရာတွေကို လေ့လာဖြစ်တယ်။ ဟင်းချက်တာလေးတွေ လေ့လာတယ်။ အဓိက ကတော့ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖြစ်တယ်” လို့ ဆိုပါတယ်။ အလှမယ်တစ်ဦးအဖြစ်အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တဲ့ နိုနိုကေဟာ သရုပ်ဆောင် ဂျူဂျူးကေရဲ့ ညီမတော်စပ်သူဖြစ်ပါတယ်။ သူဟာ လက်ရှိထုတ်လွှင့်နေတဲ့ ရင်ခုန်သံ ၇၄ ရက် ဇာတ်လမ်းတွဲမှာလည်းပါဝင်သရုပ်ဆောင်ထားပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.