JOOX Myanmarရဲ့ ပရိတ်သတ်နားထောင်မှု နံပါတ်(၁)နေရာမှာ ရောက်နေတဲ့ တေးသံရှင် နီနီခင်ဇော်ရဲ့ “မောင်”သီချင်း

ဆရာဝန် အဆိုတော် တစ်ယောက်ဖြစ်တဲ့ နီနီခင်ဇော်ကတော့ ချိုမြိန်ဆူးနစ်ပြီး ဆွဲငင်အားကောင်းတဲ့ အသံပိုင်ရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ နီနီဟာ လုံးကြီးပေါက်လှခန္ဒာကိုယ်ကို ပိုင်ဆိုင်ထားကာ ဘာပဲဝတ်ဝတ် ဖက်ရှင်ကျကာ လိုက်ဖက်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် နီနီက ကိုယ်ပိုင်စီးပွားရေး တစ်ခုဖြစ်တဲ့ “Super Red” နှုတ်ခမ်းနီတံဆိပ်ကိုလည်း ထုတ်လုပ်ထားပါတယ်။

လတ်တလောမှာတော့ နီနီက ကြော်ငြာရိုက်ကူးရေးတွေအပြင် “The Voice Myanmar”မှာ အကဲဖြတ် ဒိုင်လူကြီး တစ်ယောက်အဖြစ် ရှိနေပေးနေတာကို တွေ့ရပါတယ်။ နီနီကို သဘောကျကြတဲ့ ပြိုင်ပွဲဝင်တွေဟာဆိုရင် “Team Ni Ni”ဆီကို သွားကြရပါတယ်။ ခုလတ်တလောမှာတော့ ပရိတ်သတ်တွေရဲ့ကြားမှာ “The Voice”က ပြန်ပြီး အသက်ဝင်လာနေတာကိုလည်း တွေ့ရပါတယ်။

အသံပါဝါကောင်းပြီး အောင်မြင်တဲ့ အဆိုတော် တစ်ယောက်ဖြစ်တဲ့ နီနီရဲ့ “မောင်”ဆိုတဲ့ သီချင်းလေးကတော့ ပရိတ်သတ်တွေ အတော်လေးကြိုက်ပြီး နားထောင်ဖြစ်ခဲ့ကြတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုရင် JOOX Myanmarရဲ့ ပရိတ်သတ်နားထောင်မှု နံပါတ်(၁)နေရာမှာ ရောက်နေတာကြောင့်ပဲ ဖြစ်ပါတယ်။ ချစ်ရတဲ့ ပရိတ်သတ်တွေထဲမှာရော နီနီရဲ့ “မောင်”သီချင်းလေးကို နားထောင်ပြီးကြပြီလား? ကြိုက်ကြလား? ဆိုတာ ကွန်မန့်ပေးခဲ့ပါအုံးနော်။

Source; Ni Ni Khin Zaw

Leave a Reply

Your email address will not be published.