မိဘနှစ်ပါးကို ပြန်လည်ပေါင်းစည်းစေချင်နေတဲ့ နွေးနွေးချစ်ဖွယ်

ဟာသသရုပ်ဆောင် မြို့တော်ချစ်ဖွယ်ရဲ့ သမီးဖြစ်သူအဆိုတော်နွေးနွေးချစ်ဖွယ်ကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး သီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကိုဝင်ရောက်နေရာယူထားနိုင်ခဲ့ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ နောက်ထပ်သီချင်းအသစ်လေးတွေကိုလည်း ထွက်ရှိဖို့ ကြိုးစားလျက်ရှိနေပါတယ်။

ဒါ့အပြင် ဘာသာရေးကိုလည်း အထူးလေ့လာလိုက်စားသူမို့ ပရိသတ်တွေအချစ်ပိုရတဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။နွးနွေးချစ်ဖွယ်ကတော့ သူမရဲ့ဖခင်ဖြစ်သူ မြို့တော်ချစ်ဖွယ်နဲ့ မိခင်ဖြစ်သူတို့ ကွဲကွာသွားခဲ့ရတဲ့အချိန်မှာစိတ်ဒဏ်ရာတွေရခဲ့ပြီး ယခုအချိန်မှာတော့ အဖေနဲ့အမေကို ပြန်လည်ပေါင်းဖက်စေချင်နေတာပါ။“အဖေနဲ့အမေနဲ့က တစ်ယောက်နဲ့ တစ်ယောက်ချစ်ပြီးမှ လက်ထပ်ခဲ့ကြတာပေါ့ အပတ်စဉ်တိုင်းလည်းချိန်းတွေ့တာတွေလည်းလုပ်ခဲ့တယ် တယောက်နဲ့တယောက်လည်းအတူတူချစ်ခဲ့ကြတာပါ ” လို့ဆိုလာခဲ့တာဖြစ်ပါတယ်။

သူမ မိဘတွေရဲ့ အိမ်ထောင်ရေးပြိုကွဲခဲ့ရတဲ့ အကြောင်းအရင်းကိုလည်း “အဖေကတော့ သူသစ္စာဖောက်လို့ အိမ်ထောင်ရေးပြိုကွဲခဲ့ရတယ်ပေါ့ အစ်မကတော့ အဲ့ဒီလိုမထင်ပါဘူး လူဆိုတာ ရေစက်ကုန်ရင်တော့ပြန်မဆုံနိုင်ဘဲဝေးသွားရတာပါပဲ ဖြစ်ပြီးသမျှကိုတော့ ပြန်မစဉ်းစားစေချင်တော့ပါဘူး ” လို့ ပွင့်ပွင့်လင်းလင်းဖွင့်ဟသွားခဲ့တာပဲဖြစ်ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.