AR-T ရဲ့ Music video မှာ Fan Girl တစ်ယောက်အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ ခံစားချက်လေးတွေကို ပြောပြလာခဲ့တဲ့ မေတိုးခိုင်

နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးချော အူဝဲရဲ့ တူမအရင်းလေးဖြစ်တဲ့ မေတိုးခိုင်ကတော့ အကယ်ဒမီရွှေကြိုပွဲကနေ စတင်ပြီး ပရိတ်သတ်တွေ သတိထားမိလာခဲ့ကြတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ကြော်ငြာရိုက်ကူးရေးတွေအပြင် သရုပ်ဆောင်ဘက်ကိုပါ လုပ်ဆောင်လာခဲ့ကာ အခုဆိုရင်တော့ ပရိတ်သတ် အခိုင်အမာ ရရှိထားတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်နေပါပြီ။

မင်းသမီးချောလေး မေတိုးခိုင်ရဲ့ အိမ်ခေါ်နာမည်လေးကတော့ ဖူးပါ။ လတ်တလောမှာတော့ ဖူးက တေးသံရှင် AR-Tရဲ့ Music videoထဲမှာ Fan Girl တစ်ယောက်အနေနဲ့ ပါဝင် သရုပ်ဆောင်ထားခဲ့ပါတယ်။ ဖူးက Fan Girlတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့ရတဲ့ ခံစားချက်လေးတွေကို အခုလိုပဲ ပြောကြားခဲ့ပါတယ်။”ကိုယ့်ရဲ့ idol ကိုချစ်တယ် ၊ အားပေးတယ် ၊ စိတ်ပူတယ် ကိုယ့်ဘာသာကိုယ် မအားရင်တောင် စိတ်ပင်ပန်းနေရင်တောင် သူ့ကို ဝန်းရံမယ်၊ ကာကွယ်မယ်။ဒါက ဖူးရဲ့ Fan girl တစ်ယောက်အနေနဲ့ ခံယူထားတဲ့ ခံယူချက်။

ဖူးရဲ့ Fans တွေကလည်းဖူးကိုပေးတဲ့ ခံစားချက် ♥️AR-T က ဖူးကို ဒီ character လေးနေရာကနေ သရုပ်ဆောင်ချင်လားလို့ မေးတဲ့ အချိန်မှာ ဝမ်းသာအားရ နဲ့ လက်ခံဖြစ်ခဲ့တာ ကိုယ်ကိုယ်တိုင်လည်း ဖြစ်တဲ့ Fan girl တစ်ယောက်ရဲ့ ခံစားချက်လေးတွေကို ဖော်ပြချင်လို့။Did I do a good job?ယူတို့ အကြိုက်လေးရော ဖြစ်နေရဲ့လား? 😍”လို့ဆိုကာ ခံစားချက်တွေကို မျှဝေပေးရင်း ရှုတင်က သူမရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးခဲ့တာပဲ ဖြစ်ပါတယ်။

Source; May Toe Khaing

Leave a Reply

Your email address will not be published.