Quarantine ဝင်နေတဲ့ နိုင်းနိုင်းရဲ့ဆေးစစ်ချက်မှာ Covid-19 ပိုး မတွေ့ရှိရကြောင်း​သိရ

သရုပ်ဆောင် နိုင်းနိုင်းကတော့ စက်တင်ဘာလ (၂) ရက်နေ့တုန်းက အမေရိကားမှာရှိတဲ့ မိသားစုလေးဆီက ပြန်လာပြီး ချက်ချင်း INYA LAKE HOTEL မှာ Quarantine ဝင်ခဲ့တာဖြစ်ပါတယ်။ Quarantine ဝင်ပြီး တစ်ပတ် အကြာမှာ ဆေးစစ်ချက်အဖြေထွက်လာပြီလို့ နိုင်းနိုင်းက ဆိုပါတယ်။

“Covid ဆေးစစ်ချက် ဒီနေ့အဖြေထွက်ပါတယ်။ Negativeဖြစ်ပါတယ်။ ကိုယ်ကျိုးကို မငဲ့ပဲ အများအကျိုးသယ်ပိုးနေသော ကျန်းမာရေး ဝန်ထမ်းများကိုအထူးကျေးဇူးတင်ပါကြောင်း၊ ကျနော့်ကို လိုလေသေးမရှိ အစစ အရာရာ ကူညီပေးကြသော INYA LAKE HOTEL မှ Front office Team ကို အထူးကျေးဇူးတင်ပါတယ်။ ချစ်သောပရိသတ်များလည်း Covid ရောဂါ ကင်းဝေးကြပါစေ။ မှတ်ချက်။ ။ဘယ်သွားသွား ဘာလုပ်လုပ် MASK ကိုတပ်ပြီး လက်အိတ်လေးတော့စွတ်သွားကြပါ။ လက်ကို စင်အောင်ဆေးပါခင်ဗျ” ဆိုပြီးတော့သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

နိုင်းနိုင်းဟာ မိသားစုတွေနဲ့အတူ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာ နေထိုင်လေ့ရှိပြီး ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေးနဲ့ အခြား အနုပညာနဲ့ ဆက်နွယ်တဲ့ အလုပ်ကိစ္စတွေရှိမှသာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.