သဘင်လောကသားတွေကိုထောက်ပံ့ဖို့ ကားနှစ်စီးထုတ်ရောင်းလိုက်ရတဲ့ ဖိုးချစ်

ဖိုးချစ်ဟာ မြန်မာ့ဇာတ်သဘင်လောကမှာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူတစ်ဦး နယ်ပရိသတ်များရဲ့ တခဲနက် အားပေးခြင်းကို ခံရတဲ့ မင်းသားဦးဖြစ်ပါတယ်။ ဇာတ်သဘင်လောကမှာလည်း နာမည်ကြီးသလို သူရှင်သန်ရာ ဇာတ်သဘင်နဲ့ ပတ်သက်ပြီး အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာ မြန်မာ့ ဇာတ်သဘင်ရဲ့ ဥက္ကဌအဖြစ်လည်း တာဝန်ယူဆောင်ရွက်နေသူ ဖြစ်ပါတယ်။

ဖိုးချစ်ကတော့ ကိုဗစ် ကာလမှာ သူ့အနေနဲ့ ဖျော်ဖြေမှုတွေရပ်နားထားရတဲ့အတွက် အခက်အခဲတွေရှိတဲ့အကြောင်းပြောပြလာခဲ့တာပါ။“မနေ့ကပဲ ကျနော့် (၁၂) ဘီး ကား နှစ်စီးကို ရောင်းလိုက်ရပြီ။ ကျနော့် လုပ်ဖော် ကိုင်ဖက်တွေကို စွန့်လွတ် လိုက်ရပြီ။ ကျနော် မှိုင်နေမယ့် အစား ပျော်အောင် ကြိုးစားနေပါတယ်။ ဗိုလ်ကြီး လည်း သေနတ် မှန် ရင် သေတာပါပဲ။ COVID-19 စဖြစ်တုန်းက လူးလိမ့်ပြီး ဘာလုပ်ရမှန်း မသိဘူး။ ဒုတိယလှိုင်းမှာ ကာကွယ်ရမယ့် နည်းလမ်းတွေ ပိုသိလာတယ်။ စိတ်ခံစားမှု က နေသာပေမယ့် ဝမ်းရေးက မနေသာပါဘူး” လို့ ဆိုလာခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ” ဒီကား ၂ စီးကကျွန်တော့ လုပ်ဖော်ကိုင်ဖက် ပါပဲ နံပါတ်ကအစ ကျွန်တော်သေချာလေးရွေးဝယ်ထားတာ ပြန်ရောင်းတော့လည်း လုတောင်ဝယ်ကြတယ် စိတ်မကောင်းပေမယ့် ဒါမှပဲ ကျွန်တော့ သဘင်ပညာသည်တွေကို ထောက်ပံ့ပေးနိုင်မှာမို့လိုပါ ” လို့ ဖိုးချစ်က ဆက်လက်ပြောပြပတယ်။ဖိုးချစ်ကတော့ အခုလက်ရှိ အခြေအနေကို ဖြတ်ကျော်နိုင်အောင် Online ကနေတဆင့် ဖျော်ဖြေမှုတွေပြုလုပ်သွားမယ်လို့လည်း ပြောကြားသွားပါသေးတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.