အဆိုတော်ထက်ယံရဲ့ “ချစ်လိုက်” Music Videoမှာ တွေ့ရတဲ့ အောင်ရဲလင်းနဲ့ နေခြည်ဦးတို့ရဲ့ ကြည်နူးစရာ ပုံရိပ်များ

လတ်တလောမှာ ပရိတ်သတ်တွေကြား ရေပန်းစားကာ အပြောများနေတဲ့ Music Videoလေးကတော့ တေးသံရှင် အဆိုတော် ထက်ယံရဲ့ “ချစ်လိုက်”ဆိုတဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်။ ဒီသီချင်းလေးမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်တွေကတော့ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် မင်းသားချော အောင်ရဲလင်းနဲ့ သရုပ်ဆောင် မင်းသမီးချော နေခြည်ဦးတို့ပဲ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာ တစ်ချိန်က အရမ်းကို ချစ်ခဲ့ကြတဲ့ ရည်းစားဟောင်းတွေပါ။ Beauty Bloggerဘဝကနေ စတင်လာခဲ့တဲ့ နေခြည်ဦးကတော့ မင်းသားချောအောင်ရဲလင်းရဲ့ ကောင်မလေးအဖြစ်နဲ့ ပရိတ်သတ်တွေ စတင်ပြီး သတိထားမိလာခဲ့တာပဲ ဖြစ်ပါတယ်။ သဘောထားမတိုက်ဆိုင်လို့ လမ်းခွဲပြီးနောက်ပိုင်းမှာတော့ နေခြည်ဦးဟာ ရုပ်ရှင်လောကထဲကို ရောက်ရှိလာကာ အောင်မြင်တဲ့ မင်းသမီးတစ်ယောက် ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။

ခုနောက်ပိုင်းမှာတာ့ အဆိုတော်ထက်ယံရဲ့ “ချစ်လိုက်” Music videoလေးမှာ အတူတူပါဝင် သရုပ်ဆောင်ကာ ကြည်နူးဖွယ်ပုံရိပ်လေးတွေနဲ့ ပြန်လည်အသက်ဝင်လာခဲ့ပါတယ်။ အရင်တုန်းက ချစ်ခဲ့ကြတဲ့ သူတို့နှစ်ယောက်ရဲ့ ဘဝလေးကိုတောင် ပြန်မြင်ယောင်မိသွားသလိုပါပဲ။ ကဲ ဒါဆိုရင် ချစ်ပရိတ်သတ်တွေအတွက် အောင်ရဲလင်းနဲ့ခြည်ခြည်တို့ရဲ့ ကြည်နူးဖွယ် ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; 7th Sense Creation

Leave a Reply

Your email address will not be published.