ပန်းချီကားတွေရဲ့ကြားမှာ လွတ်လပ်ပေါ့ပါးတဲ့ ပုံစံလေးနဲ့ တွေ့ရတဲ့ မင်းသမီးချောလေး နေခြည်ဦး

Beauty Bloggerဘ၀ကနေ ပရိတ်သတ်တွေ စတင်ပြီး သတိထားမိလာခဲ့တဲ့ နေခြည်ဦးကတော့ ယခုဆိုရင် အောင်မြင်တဲ့ သရုပ်ဆောင် မင်းသမီးတစ်လက် ဖြစ်နေပါပြီ။ သူမဟာ “စိမ်းလဲ့တင် အပန်းဖြေစခန်း” ပိုင်ရှင်ရဲ့ သမီးကြီးလည်း ဖြစ်ပါတယ်။ နေခြည်ဟာ အလှအပရေးရာနဲ့ ပက်သတ်တာတွေကို သဘောကျပြီး သူကိုယ်တိုင်ကလည်း Beauty Blogger တစ်ယောက်ဖြစ်တဲ့အတွက် ခွဲစိတ်မှုတွေကို အကြိမ်ကြိမ် ပြုလုပ်ခဲ့တာ အခုဆိုရင် အရမ်းကို လှပလာတာကို မြင်ရပါတယ်။

လတ်တလောမှာတော့ နေခြည်က အဆိုတော် ထက်ယံရဲ့ “ချစ်လိုက်” ဆိုတဲ့ Music Videoလေးမှာ ရည်းစားဟောင်းဖြစ်တဲ့ နိုင်ငံကျော် မင်းသားချော အောင်ရဲလင်းနဲ့ တွဲဖက်သရုပ်ဆောင်ခဲ့တာ ဒီနေ့မှာပဲ ထွက်ရှိခဲ့ပါတယ်။ သရုပ်ဆောင် မင်းသမီးချော နေခြည်ဦးဟာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကိုလည်း သရုပ်ဆောင်ခဲ့ကာ ပရိတ်သတ် လက်ခံနိုင်တဲ့ အနေအထားတစ်ခုမှာ အောင်မြင်နေတာကို တွေ့ရပါတယ်။

ရည်းစားဟောင်းဖြစ်သူ အောင်ရဲလင်းနဲ့ ဆက်ဆံရေးကလည်း အေးဆေးပဲမလို့ ပရိတ်သတ်တွေက သူတို့နှစ်ယောက်ရဲ့ အခြေအနေကို အရင်ကထက် ပိုလို့ အားကျနေကြတာကို တွေ့ရပါတယ်။ တစ်ချို့ပရိတ်သတ်တွေကတော့ ပြန်ပြီးတော့ တွဲစေချင်နေကြတာကိုလည်း တွေ့ရပါတယ်။ ခုတစ်ခါမှာတော့ နေခြည်က “ချစ်လိုက်” ဆိုတဲ့ Music Videoလေးထဲက ပန်းချီကားတွေရဲ့ကြားမှာ လွတ်လပ်ပေါ့ပါးတဲ့ ပုံစံလေးနဲ့ သရုပ်ဆောင်ခဲ့တဲ့ ပုံရိပ်လေးတွေကို သူမရဲ့ ဖေ့စဘွတ်စာမျက်နှာကနေ မျှဝေပေးလာခဲ့ပါတယ်။ ကဲ ဒါဆိုရင် ခြည်ခြည်ရဲ့ ချစ်ပရိတ်သတ်တွေအတွက် သူမရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source, Nay Chi Oo

Leave a Reply

Your email address will not be published.