ရုပ်ရှင်လောကမှာ နာမည်ကျော်ကာ လူသိများခဲ့တဲ့ သရုပ်ဆောင် မင်းသမီးချော ညီအမနှစ်ယောက်ကတော့ ချောရတနာနဲ့ သန္တာဗိုလ်တို့ပဲ ဖြစ်ပါတယ်။ မင်းသမီးချော ချောရတနာက အိမ်ထောင်ကျကာ သားနဲ့သမီးလေးကို မွေးဖွားပြီး သာယာတဲ့ မိသားစုဘဝလေးကို ရရှိထားပါတယ်။ အငယ်ဖြစ်တဲ့ သန္တာဗိုလ်ကတော့ လက်ရှိမှာ မင်းသားချော ကောင်းပြည့်နဲ့ ချစ်ကြိုက်နေကာ အဆင်ပြေတဲ့ Relationshipတစ်ခုဖြစ်နေတာကိုလည်း တွေ့ရပါတယ်။



မကြာသေးခင်ကမှ သူမတို့ရဲ့ မိခင်ကြီး ကွယ်လွန်သွားခဲ့တာ ၅လ ပြည့်သွားခဲ့ပါပြီ။ ဒီနေ့မှာတော့ ကွယ်လွန်သွားတဲ့ မိခင်ကြီးရဲ့ ဆန္ဒအတိုင်း တောစခန်းရိပ်သာအတွက် ကျောင်းဆောက်လှူဒါန်းခဲ့ပါတယ်။ “၅လတောင်ပြည့်ပြီမေကြီးရေ 😔မေကြီး လှူချင်ခဲ့တာလေး တစ်ခုတော့ လှူခဲ့နိုင်ပြီ🙏🏻မေကြီးအတွက်ရည်စူးပြီး 🙏🏻အမြဲ ကုသိုလ်ပြုပေးနိုင်အောင်ကြိုးစားပါ့မယ် 🙏🏻🙏🏻🙏🏻မေကြီးကုသိုလ်ထပ်တူရပါစေ😇🙏🏻🙏🏻🙏🏻”လို့ဆိုကာ ဆုတောင်းမျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။



ကွယ်လွန်သွားခဲ့တဲ့ မိခင်ကြီးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့တဲ့ ညီအမတစ်စုရဲ့ ကုသိုလ်ကောင်းမှုလေးကို သာဓုခေါ်နိုင်ဖို့ ချစ်ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ မင်းသမီးချောတွေဖြစ်ကြတဲ့ ချောရတနာ၊သန္တာဗိုလ်တို့ရဲ့ မိခင်ကြီးလည်း ရောက်ရာအရပ်ကနေ သာဓုခေါ်ဆိုနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source; Chaw Yadanar