တစ်ကိုယ်တော်သီချင်းသစ်တစ်ပုဒ်ထွက်ရှိလာမယ့် Snare အဖွဲ့က နေဝင်း

အဆိုတော် နေဝင်း(Snare) ကတော့ စက်တင်ဘာလ (၁၁) ရက်နေ့မှာ ထွက်လာမယ့် သီချင်း အသစ်လေးအကြောင်းပြောပြလာပါတယ်။ ဒီ သီချင်းလေးဟာ သူကိုယ်တိုင် အားရကျေနပ်ရလောက်တဲ့ အထိ ခံစားချက်အပြည့်နဲ့ ရေးသားထားတဲ့ သီချင်းပါလို့ အခုလို ပြောပြလာပါတယ်။

” ကျွန်တော့် သီချင်းအသစ် ” လူ့သဘာဝ” ( 11.9.2020 ) ရက်နေ့ကြရင် JOOX မှာ စတင်နားဆင်လို့ရပါပြီ။ ကျွန်တော်မဆိုဘူးသေးတဲ့ပုံစံတစ်မျိုးကိုဆိုထားပါတယ် ဆိုပြီးတော့မှ ကိုယ့်ကိုကိုယ် အားရတယ် ကျေနပ်တယ် ။ အဲ့ဒီလိုနဲ့ ပရိသတ်ကိုပါနားထောင်စေချင်တဲ့စိတ်ဖြစ်လာလို့ တင်ဖြစ်သွားတာပါ။ အားရ/မရတော့ ( 11.9.2020 ) JOOX မှာနားထောင်ပြီးမှ ပြောပေးပါ” ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ “ဒီ Profile ရဲ့ အဓိပ္ပါယ် နည်းနည်းပြောပြမယ်။ ပုံထဲမှာ ခြစ်ရာတွေက လူ့ဘဝဆိုတာ ရှုပ်လျှက်ခက်နေတယ်။

လူလေးတွေပြေးနေတာကတော့ လူတိုင်းကလောကဓံ ထဲမှာပြေးနေရတယ် လို့ ရည်ရွယ်ပါတယ်။ အကျဉ်းချုံး ဆိုရင် – ရှုပ်လျှက်ခက်နေတဲ့ ဘဝထဲမှာ လူတိုင်းကလောကဓံထဲမှာ ပြေးလွှားလှုပ်ရှားနေတယ်လို့ဆိုလိုပါတယ်ခင်ဗျ…” ဆိုပြီးတော့လည်း ဆက်လက် ပြောပြထားခဲ့တာဖြစ်ပါတယ်။Snare အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဖြိုးလေးကလည်း မကြာသေးခင်ကမှ “လွမ်း” ဆိုတဲ့တစ်ကိုယ်တော်သီချင်းတစ်ပုဒ်ဖြန့်ချိထားခဲ့တာဖြစ်ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.