သားယောက်ျားလေးတစ်ယောက်ထပ်ရတော့မှာမို့ ပျော်ရွှင်နေတဲ့ မိုးယုစံ

သရုပ်ဆောင် မိုးယုစံဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ အိမ်ထောင်ကျခဲ့တာ ဖြစ်ပြီး အခုဆိုရင် အိမ်ထောင်သက်တမ်း (၄) နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ ပထမဆုံး ရင်သွေးလေးကိုတော့ ၂၀၁၇ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာဆိုရင်လည်း မိုးယုစံဟာ ဒုတိယမြောက် ကိုယ်ဝန်လွယ်ထားရတာ ဖြစ်ပါတယ်။ ဒုတိယမြောက် ရင်သွေးလေးက သားလေးလို့ သိရတဲ့ အချိန်မှာ ဝမ်းသာနေမိတယ်လို့ သူက ဆိုပါတယ်။ “အမှတ်တရဆိုတာ ဖန်တီးမှရတာဆိုတော့ သားသားလေးတွေတစ်ချိန်ပြန်ကြည့်လို့ရအောင် အမှတ်တရလုပ်ဖြစ်တာပါ သားနှစ်ယောက်ဆိုတော့လည်း မာမီမျက်နှာပွင့်တာပေါ့။ thanks” ဆိုပြီးတော့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

မိုးယုစံဟာ အိမ်ထောင်ကျပြီးကတည်းက ရင်သွေးလေး(၂) ယောက်ယူဖို့ ဆုံးဖြတ်ထားပြီးသားလို့ ဆိုပါတယ်။ ဒုတိယမြောက် ရင်သွေးလေးကိုလည်း ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ချစ်သွားမယ်လို့ မိုးယုစံက အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါသေးတယ်။ အခုဆိုရင်တော့ သူမရဲ့ သားကြီး Austin ကလည်း ဩဂုတ်လ၂၁ ရက်နေ့က အသက်(၃) နှစ်ပြည့်ခဲ့ပြီးဖြစ်ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.