COVID-19 ဂယက်တွေကြားမှာ ကျင်းပနေတဲ့ ၇၇ ကြိမ်မြောက် ဗင်းနစ်ရုပ်ရှင်ပွဲတော်

၇၇ ကြိမ်မြောက် ဗင်းနစ်ရုပ်ရှင်ပွဲတော်ကို COVID-19 ဂယက်တွေကြားကနေ စက်တင်ဘာလ ၂ ရက်က စတင် ကျင်းပခဲ့ရာမှာ နယ်ပယ်ပေါင်းစုံက နာမည်ကျော် ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပါတယ်။ ရုပ်ရှင်ပွဲတော်ကို တက်ရောက်လာကြသူတိုင်း နှာခေါင်းစည်း တပ်ဖို့ စည်းကမ်းထုတ်ထားတဲ့အပြင် ဝင်ပေါက်မှာ လက်သန့်ဆေးတွေသုံးဖို့နဲ့ ကိုယ်အပူချိန်တိုင်းတာဖို့ မှာကြားထားပါတယ်။

စက်တင်ဘာလ ၂ ရက်က ၁၂ ရက်နေ့အထိ ကျင်းပမယ့် ဗင်းနစ်ရုပ်ရှင်ပွဲတော်ကို “The Ties” ရုပ်ရှင်နဲ့ စတင်ဖွင့်လှစ်ခဲ့ပြီး “You Came Back” ရုပ်ရှင်နဲ့ ပိတ်သိမ်းမှာဖြစ်ပါတယ်။ သြစတြေးလျဒါရိုက်တာ မက်ကေးဆိုရင် ဗင်းနစ်ရုပ်ရှင်ပွဲတော်ကို တက်ရောက်ဖို့အတွက် ကွာရန်တင်း ၂ ကြိမ်ဝင်ရမယ်လို့ သိရပါတယ်။

ဗင်းနစ်မြို့ကို မလာခင် ရောမမြို့မှာ ကွာရန်တင်း အရင်ဝင်ရမှာဖြစ်ပြီး သြစတြေးလျနိုင်ငံကို ပြန်ရင်လည်း နောက်တစ်ကြိမ် ကွာရန်တင်းဝင်ရမှာဖြစ်ပါတယ်။ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ ရုပ်ရှင်ဇာတ်ကားပေါင်း ၆၆ ကား ပြသမယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

  • Mg Kaung

source – reuters

Leave a Reply

Your email address will not be published.