ခင်ပွန်းဖြစ်သူက လကမ္ဘာသွားဖို့ခေါ်ရင်တောင် လိုက်မှာမဟုတ်ဘူးဆိုတဲ့ ချမ်းမီမီကို

ပရိသတ်တွေရှေ့ကနေ အချိန်ကာလတစ်ခုကြာအောင်ပျောက်ကွယ်နေခဲ့တဲ့ မင်းသမီးချောလေး ချမ်းမီမီကိုဟာ အနုပညာလောကထဲကို ဒုတိယတစ်ခေါက် ပြန်လည်ဝင်ရောက်တော့မှာပဲ ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးခါစတုန်းက သူမ ခင်ပွန်းရဲ့ လကမ္ဘာပေါ်သွားရောက်မယ်ဆိုတဲ့ စကားများနဲ့ ပတ်သက်ပြီးတော့လည်းအခုလိုပဲ ဖြေကြားခဲ့ပါတယ်။” အစ်မ ခင်ပွန်းကတော့ သူကိုယ်တိုင်လည်း တရားအားထုတ်ဆဲ လူဖြစ်တဲ့အတွက် စကားတွေက မှန်တာလည်း ရှိမယ် မှားတာလည်း ရှိမယ်ပေါ့နော်။

အကယ်လို့ သူသွားဖြစ်မယ်ဆိုရင်တောင် အစ်မက လိုက်မှာ မဟုတ်တော့ဘူး။ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ ထွန်းကားတဲ့ နိုင်ငံဖြစ်တဲ့အတွက် ဒီနိုင်ငံမှာ နေရတာပဲ ကြိုက်တယ်။ အဲ့ဒီချိန် သူပြောခဲ့တုန်းကတော့ သူ အရမ်းကို သွားချင်နေခဲ့တာလည်း ရှိမယ်။ သတိလက်လွတ်တာတွေလည်း ရှိမယ် စသည်ဖြင့်ပေါ့ ……အစ်မကတော့ လကမ္ဘာထက် ကိုယ်တကယ်သွားရမယ့်နေရာ တွေ့ထားပြီ။ ” လို့ဆိုပါတယ်။ဒါ့အပြင် အနုပညာအလုပ်တွေကို ပြန်လုပ်တော့မယ်ဆိုတာနဲ့ ပက်သက်ပြီးတော့လည်း အခုလို ဖြေကြားခဲ့ပါသေးတယ်။ ” အနုပညာအလုပ်တွေကတော့ ကိုယ့်အလုပ်တွေကို ပြန်လုပ်ချင်တာနဲ့ပဲ လုပ်ဖြစ်တာပါ။ အရင်တုန်းကတော့ ကိုယ့်ဘဝမှာ မဖြစ်မနေ လုပ်သင့်တဲ့ အလုပ်လေးဖြစ်တဲ့ တရားထိုင်တဲ့အလုပ်လေးကို လုပ်လိုက်တယ်။ တကယ်ဆရာသမားကောာင်းတွေကိုလည်း ကိုယ်တိုင်ရှာနိုင်ခဲ့တယ်။ ကိုယ်တိုင်လည်း တရားအားထုတ်ခွင့်ရခဲ့တယ်။ အနုပညာအလုပ်ကို ဆက်လုပ်နေမယ်ဆိုရင်လည်း တရားအားထုတ်တာကလည်း မဖြစ်မနေကို လုပ်နေမှာပါပဲ။

အိမ်ထောင်ကျသွားတဲ့အခါကျ အမေရော ပရိတ်သတ်တွေကရော ထပ်တူ နှမြောကြတယ်။ အဲ့ချိန်တုန်းကတော့ စဉ်းစားတတ်တဲ့ အသိဥာဏ်နည်းတယ်ပေါ့။ အသက်အရွယ်လိုက်လည်း စဉ်းစားတွေးခေါ်ပုံတွေ ရင့်ကျက်ပုံတွေကလည်း မတူဘူးလေ။ နောက် ပြောချင်တာက လူငယ်တိုင်း တရားအားထုတ်သင့်တယ်။ လူတစ်ယောက်အနေနဲ့ မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့ ဆုံးဖြတ်တတ်ဖို့ မိမိကိုးကွယ်တဲ့ ဘာသာအလိုက် တရားအားထုတ်မယ် စိတ်အာရုံစုစည်းမှု ကောင်းအောင်လုပ်မယ် ရင့်ကျက်အောင်လုပ်မယ်ဆိုရင် အမှားလမ်းကြောင်း နည်းလာမယ်။ နောင်တရတဲ့ အလုပ်တော့ မရှိပါဘူး။ ဘယ်အလုပ်နေနေ ကိုယ့်အမှားက သင်ခန်းစာပဲပေါ့နော်။ ဘယ်သူမှလည်း လုံးဝမှန်နေတယ်ဆိုတော့ မရှိဘူးပေါ့။ အဲ့ထဲကနေမှ အမြဲတမ်း ကြိုးစားနေဖို့ပါပဲ ” ဆိုပြီး ဖြေကြားခဲ့ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.