မင်းသား Dwayne Johnson COVID-19 ရောဂါပိုးကူးစက်ခံခဲ့ရ

နာမည်ကျော် ဟောလိဝုဒ်မင်းသား Dwayne Johnson ( The Rock ) က သူအပါအဝင် သူ့ဇနီးနဲ့ ကလေးနှစ်ဦးတို့ဟာ လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ်လောက်က COVID-19 ရောဂါ စစ်ဆေးတွေ့ရှိခဲ့ပေမယ့် အခုတော့ အားလုံး နေပြန်ကောင်းလာပြီး ကျန်းကျန်းမာမာရှိတယ်လို့ စက်တင်ဘာလ ၂ ရက်နေ့မှာ တင်ခဲ့တဲ့ ဗီဒီယိုထဲမှာ ပြောဆိုထားပါတယ်။ အသက် ၄၈ နှစ်အရွယ် မင်းသား The Rock က “သူနဲ့ အသက် ၃၅ နှစ်အရွယ် ဇနီး Lauren၊ သမီးလေးတွေဖြစ်ကြတဲ့ အသက် ၄ နှစ်အရွယ် Jasmine နဲ့ အသက် ၂ နှစ်အရွယ် Tiana တို့ဟာ ဘယ်ကနေ ဘယ်လို ကူးစက်လာမှန်း မသိတဲ့ သူတို့နဲ့ အရမ်းရင်းနှီးသူ မိတ်ဆွေတွေထံကနေ လွန်ခဲ့တဲ့ သီတင်း နှစ်ပတ်ခွဲလောက်က ကူးစက်ခံခဲ့ရတယ်လို့ Instagram ပို့စ်မှာ ပြောဆိုထားပါတယ်။

အဲ့ဒီဗီဒီယိုထဲမှာ မင်းသားက “မိသားစုတစ်ခု အနေနဲ့ရော၊ ကိုယ်ရေးကိုယ်တာ အရရော ကျွန်တော်တို့ ကြုံတွေ့ခဲ့ရတဲ့ အထဲ စိန်ခေါ်မှုအများဆုံးနဲ့ အခက်အခဲဆုံး အရာတစ်ခု ဖြစ်ခဲ့တယ်ဆိုတာကို ကျွန်တော် ခင်ဗျားတို့ကို ပြောနိုင်ပါတယ်” လို့ ပြောဆိုထားပါတယ်။ မင်းသားနဲ့ သူ့မိသားစုဟာ ဗိုင်းရပ်စ်ပိုး အရင်ဆုံး ကူးစက်ခံခဲ့ရတဲ့ သူတို့ရဲ့ မိတ်ဆွေတွေလိုပဲ ဗိုင်းရပ်စ်ကို ရှောင်ရှားဖို့ ဘေးကင်းလုံခြုံမှုရှိတဲ့ ဆောင်ရွက်ဖွယ်ရာတွေကို စည်းကမ်းတကျ လိုက်နာခဲ့တယ်လို့လည်း ဆိုပါတယ်။သူ့ရဲ့ သမီးနှစ်ဦးကတော့ ပထမဆုံးနှစ်ရက်လောက်မှာ လည်ပင်းနည်းနည်း နာခဲ့ပေမယ့် နောက်တော့ သက်သာလာခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မင်းသားနဲ့ သူ့ဇနီးကတော့ တော်တော်လေး ရောဂါဝေဒနာ ခံခဲ့ရတယ်လို့ ဆိုပါတယ်။ မင်းသားက “ဒါပေမဲ့ ကျွန်တော်တို့ဟာ မိသားစုတစ်ခုအနေနဲ့ ကောင်းမွန်ပြည့်စုံတယ်ဆိုတာကို ခင်ဗျားတို့ဆီပြောနိုင်ပါတယ်။ ကျနော်တို့ဟာ အဲ့ဒါကို အဆုံးသတ် လိုက်နိုင်ပါတယ်။ ကျွန်တော်တို့ဟာ ကူးစက်နိုင်မှု လုံးဝမရှိတော့ပါဘူး။ ကျွန်တော်တို့ ကျန်းမာလာတာ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်” လို့ ဆိုပါတယ်။

နပမ်းသမားဘဝကနေဖျော်ဖြေရေးလောကထဲကို ရောက်လာခဲ့တဲ့ The Rock ဟာ ကမ္ဘာကျော် မင်းသားတစ်ယောက်အဖြစ် ရည်တည်နေပြီ ဖြစ်ပါတယ်။ မင်းသားဟာ “The Mummy Returns”, “The Scorpion King, Baywatch” နဲ့ “Jumanji: Welcome to the Jungle” တို့လိုမျိုး ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ရာကနေ အခုတော့ ကမ္ဘာ့ဝင်ငွေအကောင်းဆုံးနဲ့ ဟောလိဝုဒ်မှာ စီးပွားရေးအရ အအောင်မြင်ဆုံး မင်းသားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။သူဟာ မီယာမီမြို့မှာနေထိုင်ကြတဲ့ NFL ကစားသမားတွေအကြောင်း ရိုက်ကူးထားတဲ့ “Ballers” စီးရီးမှာ ထုတ်လုပ်သူ အဖြစ် ဆောင်ရွက်ထားပြီး ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

source : CNA

Leave a Reply

Your email address will not be published.