ကိုဗစ်ကာလမှာ သရုပ်ဆောင်ပိုင်းတိုးတက်အောင်လေ့လာဖြစ်တယ်ဆိုတဲ့ ပိုးကြာဖြူခင်

သရုပ်ဆောင် ပိုးကြာဖြူခင်ဟာ COVID-19 ကြောင့် အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်ဘူးလို့ ဆိုပါတယ်။ အလုပ်တွေ အားတဲ့ အချိန်မှာ သူဝါသနာပါတဲ့ သရုပ်ဆောင် အပိုင်းကို တိုးတက်မှုရှိအောင် ရုပ်ရှင်ကြည့်ရင်း လေ့လာဖြစ်တယ်လို့ ပြောပြလာပါတယ်။ “ သင်္ကြန်ကာလအတွင်းမှာကတည်းက အလုပ်တွေ နားထားရတာဆိုတော့ အိုက်တင်အပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း တိုးတက်လာအောင် ရုပ်ရှင်တွေလည်း အများကြီး ကြည့်ဖြစ်တယ်။

နိုင်ငံခြားက ဇာတ်လမ်းတွဲတွေမှာဆို မင်းသားမင်းသမီးတွေက သဘာဝအရမ်းကျတယ်၊ အိုဗာအိုက်တင် မရှိဘူး။ သူတို့သရုပ်ဆောင်တာကို ကြည့်ပြီး ကိုယ်ပါ ဒီဇာတ်ကားထဲမှာ စီးမျှောသွားရလောက်အောင် ခံစားရတယ်။ ဒါကြောင့် ကိုယ်သရုပ်ဆောင်တဲ့ အချိန်ကျရင်လည်း ကိုယ့်လိုပဲ ပရိသတ်တွေကို ခံစားစေချင်လို့ အတုယူသင့်တာကို ယူတယ်၊ ကြိုးစားသင့်သလောက်လည်း ကြိုးစားပါတယ်” လို့ဆိုပါတယ်။ပိုးကြာဖြူခင် အနေနဲ့ ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးခွင့်ရလာခဲ့ရင် ပရိသတ်တွေ မမြင်ဖူးသေးတဲ့ ဇာတ်ကောင်တွေနဲ့ မြင်တွေ့ရဦးမယ်လို့ ဆိုပါတယ်။

“ ပုံမှန်ဆို ညီမကို ဒရာမာဇာတ်ကားနဲ့ပဲ မြင်နေကြတာများတယ်။ ဒီတော့ ဟာသဇာတ်ကားလေးတွေ ရိုက်ဖို့ရှိတယ်။ ရုပ်သံဇာတ်လမ်းတွဲ (၂) ခုရိုက်ဖို့ရှိသေးတယ်။ အခုချိန်မှာ ရုပ်ရှင်ကားကြီးတွေလည်း မရိုက်ရသေးတော့ ကိုဗစ်ပြီးမှ ရိုက်ဖြစ်မယ်ပေါ့။ သီချင်းနဲ့ ပတ်သက်ပြီး အများကြီး လေ့လာဖြစ်တယ်။ ပရိသတ်တွေကို Surprise အနေနဲ့ သီချင်း အသစ်လေးတွေလည်း လုပ်သွားဖို့ရှိပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.