ယခုရက်ပိုင်းဖြစ်ပွားနေတဲ့ သရုပ်ဆောင်မင်းခန့်ကျော်က ဖြူဖြူထွေးကို ပြင်းထန်စွာ ဝေဖန်ခဲ့တဲ့ အတွက် ဖြူဖြူထွေးက ရုပ်ရှင်အစည်းအရုံးကို တိုင်ကြားခဲ့တာနဲ့ပတ်သတ်ပြီး ဥက္ကဌ ဦးညီညီထွန်းလွင်က အခုလိုပဲ ပြောပြလာခဲ့ပါတယ်။” အစည်းအရုံးကတော့ ဒီလိုမျိုး ဖြစ်ကြတဲ့အခါ မျက်နှာချင်းဆိုင် ဖြေရှင်းတာမျိုး လုပ်ပေးလေ့မရှိပါဘူး ရန်ဖြစ်ကုန်မှာပေါ့နော်။



မျက်နှာချင်းဆိုင်ပေးလိုက်ရင် အဲ့လိုတော့မလုပ်ပေးပါဘူး။ ဘာပဲပြောပြော တစ်ဖက်စီကို ညှိနှိုင်းပေးတယ်။ မင်းကလည်းမကြိုက်တာကို ဒီလိုမလုပ်နဲ့ ဒီဘက်ကလည်း ဒီလိုမျိုးတွေ Facebook မှာမတင်နဲ့ ဒီလိုပဲဖြန်ဖြေပေးတာပေါ့ ” လို့ ဖြူဖြူထွေးတို့ပြဿနာကိုဖြေရှင်းပေးခဲ့တဲ့အကြောင်း ပြောပြလာခဲ့တာပါ။” ရုပ်ရှင်အစည်းအရုံးကတော့ NGO အဖွဲ့အစည်းဆိုတော့ စီရင်ပိုင်ခွင့်တော့မရှိပါဘူး။ ဖြန်ဖြေပေးတာပဲရမယ်။ တကယ်လို့ ထပ်ပြီး မကျေနပ်ကြရင်တော့ တရားရုံးမှာရှေ့နေနဲ့ရှင်းကြပေါ့ ဒါပဲပြောပေးလို့ရမယ် ” လို့လည်းဆက်လက်ပြောကြားခဲ့ပါတယ်။



ဖြူဖြူထွေးနဲ့မင်းခန့်ကျော်တို့ကြားက ပြဿနာဟာ လတ်တလော ပရိသတ်တွေကြားရေပန်းစားနေပြီး ဖြူဖြူထွေးဘက်ကလည်း မင်းခန့်ကျော်က ရုပ်ရှင်အစည်းအရုံးမှာ သွားရောက်တိုင်ကြားခဲ့သလို မင်းခန့်ကျော်ကလည်း ဖြူဖြူထွေးနဲ့မျက်နှာချင်းဆိုင်တွေ့ပေးဖို့ ရုပ်ရှင်အစည်းအရုံးကိုတောင်းဆိုခဲ့တာဖြစ်ပါတယ်။
- Mg Kaung