မန္တလေးမှာရှိတဲ့ မိဘအိမ်ကို ပြန်ချင်တယ်လို့ဆိုလာတဲ့ စိုင်းဝဏ္ဏအောင်

သရုပ်ဆောင်သစ်စိုင်းဝဏ္ဏအောင်ကတော့ ရန်ကုန်မှာနေရင်း အနုပညာအလုပ်တွေ လုပ်နေတဲ့သူတစ်ယောက်ပါ။ သူ့ အနေနဲ့ မိသားစုတွေ နေထိုင်ရာ မန္တလေးကို ပြန်ချင်တဲ့ ဆန္ဒရှိတယ်လို့ပြောပြလာပါတယ်။ “ ကျွန်တော် မန္တလေးကို ပြန်ချင်တယ်။ ကျွန်တော့်မှာ လုပ်စရာကိစ္စလေးတွေရှိသေးတယ်။ နောက်ပိုင်း တောက်လျှောက်တော့ ရန်ကုန်မှာပဲ နေဖြစ်ဖို့ များပါတယ်။

အခုကတော့ ရန်ကုန်မှာ လက်ခံထားတဲ့ အလုပ်လေးတွေ မပြတ်သေးလို့ပါ။ ကျွန်တော် စိတ်လေး နည်းနည်း တည်ငြိမ်သွားအောင် ပြန်တာပါ။ ကိုယ့်မိသားစုနဲ့ အတူတူရှိနေရင် ပိုပြီးတော့ အားရှိတယ်လို့ ခံစားရလို့ပါ”လို့ သူက ဆိုပါတယ်။ Covid ကာလကြောင့် အနုပညာအလုပ်တွေ ရပ်နားထားရတဲ့ အချိန်မှာ အခက်အခဲတွေရှိတယ်လို့ စိုင်းဏ္ဏအောင်က ပြောပါတယ်။ “ ကျွန်တော်တို့ နိုင်ငံမှာ လက်လုပ်လက်စားတွေ၊ နေ့စားသမားတွေရှိတယ်။ သူတို့ကျတော့ အသက်အန္တရာယ်ထက် ဝမ်းရေးကို ဦးစားပေးနေရတယ် ဒါကြောင့် ဒီကာလကို အမြန် ပြီးစေချင်ပြီ။ ကျွန်တော်တို့ နိုင်ငံက လူတွေ အဆင်မပြေဘူးဆိုတာ Taxi ပေါ်မှာဆိုလည်း Taxi ကားသမားတွေကို ကျွန်တော် မေးဖြစ်တယ်။ အဆင်မပြေဘူး။ ဘယ်သူ့ ကို မေးမေး အဆင်မပြေကြတာ များတော့ ရင်ထဲ မကောင်းဘူး။

ဒီကာလကြီးကိုလည်း မြန်မြန်ပြီးစေချင်ပြီ” လို့ ဆက်လက် ပြောပြလာပါတယ်။ စိုင်းဝဏ္ဏအောင်ဟာ မော်ဒယ်လ်တစ်ယောက်အဖြစ် အနုပညာလောကထဲကိုစတင်ဝင်ရောက်လာသူပါ။ မကြာသေးခင်က Innocence : The Series ဇာတ်လမ်းတွဲမှာပါဝင်သရုပ်ဆောင်ဖို့ရွေးချယ်ခံခဲ့ရပေမယ့်လည်း ထုတ်လုပ်ရေးပိုင်းနဲ့အဆင်မပြေဖြစ်မှုကြောင့် နှုတ်ထွက်ခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာတော့သူဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးနေတယ်လို့သိရပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.