ကိုယ်တိုင်လှူဒါန်းထားတဲ့ ထီလက်မှတ်လေးတွေက ဆုတွေအများကြီးပေါက်လို့ ဝမ်းသာနေတဲ့ ယုန်လေး

အဆိုတော် ယုန်လေးကတော့ သူကိုယ်တိုင် လိုက်လှူခဲ့တဲ့ ထီလက်မှတ်လေးတွေကနေတဆင့် ထီဆုတွေ ပေါက်ခဲ့ကြသူတွေအတွက် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ ထီလက်မှတ်တွေကိုတော့ ဩဂုတ်လ(၂၉) ရက်နေ့က လမ်းဘေးဈေးရောင်းနေသူတွေ၊ စားဝတ်နေရေး အဆင်မပြေကြသူတွေအတွက် လှူဒါန်းခဲ့တာလို့ သိရပါတယ်။ အဆိုပါထီလက်မှတ်တွေကိုတော့ ဟာသလူရွှင်တော် ဧရာ ဖွင့်ထားတဲ့ ထီဆိုင်ကနေဝယ်ယူခဲ့တဲ့အပြင် ဟာသ သရုပ်ဆောင် ကျော်ထူးရောင်းချနေတဲ့ဆန်ကိုလည်း ဝယ်ယူပြီး ပြန်လည်လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

” ဆုကြီး မပါပေမယ့် ပီတိဖြစ်ပါတယ်။ အစောကြီးထဲကလည်း ဆုကြီးတွေ မမှန်းထားပါဘူး။လိုက်လှူတဲ့အထဲက အခု ၅ သောင်းဆု (၁၅)ဆုကျော်ပါနေပါပြီ ။ ၁သိန်းဆု တစ်ဆု ပါနေပါပြီ။ ၃ စောင်တွဲလုံးမှာ ၃ စောင်လုံးပေါက်တာ ၃ ယောက်ရှိပြီ။ နောက် အစောင် ၇၀၀ ကျော်ကျန်သေးလို့ ထပ်တိုက်နေပါတယ်။ ပေါက်တဲ့ နံပါတ်တွေ အားလုံးတိုက်ပြီးရင် တင်ပေးပါမယ်။ ဘာပဲဖြစ်ဖြစ် ထီ လက်မှတ်လိုက် ဝေထားတာ တကယ်လိုအပ်တဲ့ သူတွေကြီးပဲ ဖြစ်လို့ ၅သောင်း ၊ ၁သိန်းလည်း သူတို့ပျော်ကြမှာပါ။ ထပ်ပြီး တော့ ၅သိန်း ၁၀ သိန်း လောက်လေး တစ်ယောယောက် ထပ်ပါရင်ပိုကောင်းမယ်ဗျာ။ ကျန်တဲ့ အစောင် ၇၀၀ ကျော်ကို ရင်ခုန်စွာစောင့်ဆိုင်း။ အားလုံး Peace” ဆိုပြီးတော့ ယုန်လေးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

ယုန်လေးကတော့ သူလှူခဲ့တဲ့ ထီလက်မှတ်တွေမှာ ထီဆုတွေပေါက်ဖို့အတွက် ဩဂုတ်လ(၂၆) ရက်နေ့က စွယ်တော်စေတီက ညောင်ပင်ကြီးမှာ အဓိဌာန်ဝင်ခဲ့တာကို တွေ့ရပါတယ်။ သူဟာ ရိုက်ကူးရေးလုပ်ဖို့ (၁) နှစ်ပိတ်ပင်ခံထားရပေမယ့် ပရဟိတအလုပ်တွေကို ပြန်လည် လုပ်ကိုင်နိုင်ဖို့ လုပ်ခွင့်ရသလောက် အနုပညာအလုပ်လေးတွေ ပြန်လုပ်နေတာ တွေ့ရပါတယ်။ သူရရှိတဲ့ အနုပညာကြေးနဲ့ ပရဟိတအလုပ်တွေ လုပ်ကိုင်လျှက်ရှိပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.